ခေါင်းစဉ်ကြည့်ပြီး ဟုတ်ကောဟုတ်ရဲ့လားလို့ စဉ်းစားမိမှာပါ။ နည်းလမ်းလေးတွေအရင်ဝင်ကြည့်ပြီး တကယ်လုပ်နိုင်တယ်ဆိုတာကြည့်လိုက်ကြနော်။

၁။ မအိပ်ခင် ပရိုတိန်းများများပါဝင်တဲ့အစားတွေစားပေး

သင်ဟာမအိပ်ခင်အစာတစ်ခုခုစားပြီးမှ အိပ်ပျော်တတ်တဲ့သူလား။ ဒါဆိုရင်တော့ အစာလဲစားဖြစ်၊ ဝလဲမဝတဲ့အပြင် ၀ိတ်ပါကျစေမယ့်နည်းကတော့ မအိပ်ခင်စားနေကြအစာတွေကို ပရိုတိန်းများများပါတဲ့အစားအစာ၊ ဖျော်ရည်တို့နဲ့ အစားထိုးလိုက်ပါ။ လေ့လာတွေ့ရှိမှုအရ မအိပ်ခင် ပရိုတိန်း ၃ဝဂရမ်လောက်စားပြီးမှအိပ်တဲ့သူဟာ ဘာမှမစားဘဲအိပ်တဲ့သူထက်တောင် အိပ်တဲ့အချိန်အတွင်း ကယ်လိုရီလောင်ကျွမ်းမှုပိုများပါတယ်တဲ့။

၂။ လုံးဝအမှောင်ထဲမှာအိပ်ပါ

အမှောင်ထဲမှာအိပ်တာဟာ ခန္ဓာကိုယ်အတွင်းက အိပ်ချင်အောင်လုပ်ပေးတဲ့ melatoninလို်ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကိုထုတ်ပေးပါတယ်။ အဆိုပါဟော်မုန်းကနေ ထုတ်တဲ့ Brown fatတစ်မျိုးဟာ ကယ်လိုရီလောင်ကျွမ်းမှုကိုအားပေးတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ အိပ်တဲ့အခါ တီဗီပိတ်၊ မီးပိတ်ပြီးမှ အိပ်ဖို့မမေ့ပါနဲ့။

၃။ အခန်းကိုအေးအောင်ထားပါ။

ဘာကြောင့်လဲဆိုတော့ အခန်းကအေးလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကနေ ခန္ဓာကိုယ်တွင်းပုံမှန်အပူချိန်ဖြစ်တဲ့ 37°C မှာရှိအောင် ထိန်းထားဖို့ကြိုးစားပါလိမ့်မယ်။ ဒါဟာ ကယ်လိုရီလောင်ကျွမ်းမှုကိုအားပေးတယ်လို့ Physiological အချက်အလက်အရ သိရပါတယ်။

၄။ စမတ်ဖုန်းတွေအားလုံးကိုပိတ်ပြီး အိပ်ပါ။

လေ့လာတွေ့ရှိချက်အရ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကနေ အိပ်ပျော်အောင်အထောက်အကူပြုတဲ့ Melatoninဟော်မုန်းကို အနှောင့်အယှက်ဖြစ်နေတဲ့ Short Wavelength Blue Lightကို ထုတ်လွှတ်ပေးပါတယ်။

၅။ အိပ်ချိန်သတ်မှတ်ပါ။

သတ်မှတ်ထားတဲ့အိပ်ချိန်အတိုင်း အိပ်ရေးဝဝအပြည့်အဝအိပ်စက်ခြင်းဟာ နောက်တစ်ရက်မှာ ခန္ဓာကိုယ်တွင်းကယ်လိုရီလောင်ကျွမ်းမှုကိုအားပေးပါတယ်။ ဒါကြောင့် အိပ်ချိန်သတ်မှတ်ပြီး အိပ်ရေးဝအောင်အိပ်ဖို့ မမေ့နဲ့နော်။

Source : elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။