သရုပ်ဆောင်ပညာသာမကပဲ အဆိုဘက်မှာလည်း ထူးချွန်ပြောင်မြောက်သူကတော့ မင်းသမီးချောလေး ဆုပန်ထွာပါ။ သူမဟာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးမှုသိပ်မရှိတော့သော်လည်း ပရိသတ်တွေကတော့ ယနေ့ထိတိုင်ချစ်ခင်နေကြဆဲပါ။ လတ်တလောမှာလည်း အမေရိကားနိုင်ငံကို သီချင်းသီဆိုဖျော်ဖြေရန်ရောက်ရှိနေတာပါ။ 

Photo Credit- Su Pan Htwar’s Facebook
Photo Credit- Su Pan Htwar’s Facebook
Photo Credit- Su Pan Htwar’s Facebook

ပန်ပန်ဟာ ချစ်ရတဲ့ ခင်ပွန်း၊သားလေးနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ရရှိပိုင်ဆိုင်ထားတာပါ။ သူမရဲ့ သားလေး Roar Roar ဟာလည်း ဖေဖေ၊မေမေတို့ရဲ့ အချစ်တွေသာမကပဲ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုပါ ရရှိထားသူပါ။ ပန်ပန်ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် သားလေးရဲ့လှုပ်ရှားမှု ဗီဒီယိုလေးတွေ မကြာခဏ ဆိုသလို တင်ပေးလေ့ရှိတာပါ။

Photo Credit- Su Pan Htwar’s Facebook
Photo Credit- Su Pan Htwar’s Facebook
Photo Credit- Su Pan Htwar’s Facebook

အခုတစ်ခါမှာလည်း မေမေဆုပန်ထွာကို သီချင်းဆိုပြနေတဲ့ ဗီဒီယိုလေးတစ်ခုကို တင်ထားတာပါ။ ဒါကတော့ အဆိုတော်ချယ်ရီသင်းရဲ့ " ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင် " ဆိုတဲ့ သီချင်းလေးကို သားလေးကချစ်စရာကောင်းအောင် သီဆိုထားတာပါ။ ပရိသတ်ကြီးအတွက် Roar Roar လေးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Su Pan Htwar’s Facebook

Source- Su Pan Htwar’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။