ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်သည့် အနေဖြင့် ကာတာနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလက်ရွေးစင်ယူ-၂၂ အသင်းဟာ ကာတာ Division Two ကလပ် Al Owaina (Al Uwaynah) အသင်းနှင့် ဒေသစံတော်ချိန် ည ၈:၀၀ နာရီ (မြန်မာစံတော်ချိန် ည ၁၁:၃၀ နာရီ) တွင် Al Arabi SC တွင် ခြေစမ်းကစားခဲ့ပြီး ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာလက်ရွေးစင်ယူ-၂၂ အသင်းအတွက် အနိုင်ဂိုးများကို အောင်ကောင်းမာန်က နှစ်ဂိုး၊ ထက်ဖြိုးဝေက တစ်ဂိုး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ Al Uwaynah အသင်းဟာ ၂၀၁၉-၂၀၂၀ ရာသီ ကာတာ Division Two တွင် လေးပွဲကစားပြီးချိန်၌ ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် အသင်းဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာလက်ရွေးစင်ယူ-၂၂ အသင်းဟာ ကာတာ Division Two ကလပ် Al Owaina (Al Uwaynah) အသင်းကို အနိုင်ရရှိခဲ့ပြီး နီပေါအသင်းကို သရေကျခဲ့ပါတယ်။ မြန်မာလက်ရွေးစင်ယူ-၂၂ အသင်းဟာ အောက်တိုဘာ ၃၁၊ ဒေသစံတော်ချိန် ည ၆:၃၀ နာရီ (မြန်မာစံတော်ချိန် ည ၁၀:၀၀ နာရီ)တွင် ကာဂျစ္စတန်ယူ-၁၉ အသင်းတို့နှင့် ခြေစမ်းကစားမှာပဲ ဖြစ်ပါတယ်။

source: MFF 's facebook  

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။