မော်ဒယ်လ်သရုပ်ဆောင် ညိမ်းသော်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမော်ဒယ်လ်တစ်ဦးဖြစ်ပြီး ရုံတင်ပြသခဲ့သော "ည" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇာတ်ရုပ်ပိုင်နိုင်စွာ ပါဝင်ရိုက်ကူးခဲ့တာကို ပရိသတ်တို့ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ ဖက်ရှင်မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာတာဖြစ်ပြီး အခုချိန်မှာတော့ ပရိသတ်များစွာရဲ့ တစ်ခဲနက်အားပေးမှုကို ရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit : Nyein Thaw Facebook
Photo Credit : Nyein Thaw Facebook

ညိမ်းသော်ကတော့ လတ်တလောမှာ ခရီးတွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး ခရီးသွား အမှတ်တရ အမိုက်စားပုံတွေကိုလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ကြော်ငြာတွေ Photo ရူတင်တွေ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ A|X fall & winter Event Launchပွဲကို တက်ရောက်ခဲ့တဲ့ ခန့်ညားလွန်းလှတဲ့ ပုံရိပ်လေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Nyein Thaw Facebook
Photo Credit : Nyein Thaw Facebook

ဖက်ရှင်မော်ဒယ် တစ်ယောက်အဖြစ် စတင်နာမည်ကြီးခဲ့တဲ့ ညိမ်းသော်ကအခုဆို သရုပ်ဆောင်မင်းသားအဖြစ် ရုပ်ရှင်ကားတွေပါ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ညိမ်းသော်ရဲ့ပွဲတက် အမှတ်တရ ပုံလေးတွေကို ကြည့်ရူ့နိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ညိမ်းသော်လည်း ရှေ့ဆက်ပြီး ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Nyein Thaw Facebook
Photo Credit : Nyein Thaw Facebook

Source:Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။