ဒီလိုယောကျာ်းတစ်ယောက်ကို ဘယ်မိန်းကလေးမှမချစ်နိုင်ဘူးလို့ သင်အလွယ်တကူမတွေးလိုက်ပါနဲ့။ မိန်းကလေးတွေကလဲ ရုပ်ချောမှချစ်တတ်တာမဟုတ်သလို အပြင်မှာလဲ တကယ်ကိုမယုံနိုင်စရာ ချစ်ကျွမ်းဝင်သွားတဲ့ စုံတွဲတွေများစွာရှိနေတတ်ပါတယ်။

Mindie Kniss ဆိုတဲ့အမျိုးသမီး အရပ်နှစ်ပေရှစ်လက်မသာရှိပြီး ခန္ဓာကိုယ်မသန်စွမ်းသူဖြစ်တဲ့ Sean Stephensonကို လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၀၉ခုနှစ်မှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးလက်ထပ်ပြီးတဲ့အခါမှာတော့ လူအတော်များမျာယကမကောင်းတဲ့အမြင်တွေနဲ့ဝေဖန်ခဲ့ပါတယ်။ Mindieဟာ Seanရဲ့ငွေကြေးကိုတပ်မက်လို့သာ လက်ထပ်ခဲ့တာ၊ သူတို့နှစ်ယောက် အိမ်ထောင်ရေးသုခအပြည့်အဝမရနိုင်တာ အစရှိသဖြင့် ဝေဖန်မှုတွေထွက်လာပေမယ့် Mindieဟာ ဒီဝေဖန်မှုတွေကို လျစ်လျူရှူခဲ့ပါတယ်။

Mindie ဟာ သူမရဲ့ယောကျာ်းအကြောင်း ဝေဖန်သူတွေအနေနဲ့ စိတ်ဝင်တစားမကောင်းပြောစရာအကြောင်းမရှိဘူးလို့ တုန့်ပြန်ပြောဆိုခဲ့ပြီး Seanဟာ သူမထင်ထားတာထက် အတူနေတဲ့အချိန်မှာ အိမ်ထောင်ရေးသုခပိုမိုပေးစွမ်းနိုင်သူဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

Source : elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။