နိုဗိုတယ် ရန်ကုန် မက်စ်မှာ စခန်းသွင်း လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် နဲ့ မြန်မာနေရှင်နယ်လိဂ်အသင်းပိုင်ရှင်များ သွားရောက်တွေ့ဆုံ နှုတ်ဆက် အားပေးခဲ့ပါတယ်။မြန်မာလက်ရွေးစင်အသင်းကိုတော့ နည်းပြသစ်အန်တွမ်နီဟေးက ကိုင်တွယ်နေတာပဲ ဖြစ်ပါတယ်

photo credit : MFF ' s facebook
photo credit : MFF ' s facebook

အလားတူ ယနေ့မနက်ပိုင်းမှာလည်း ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် လေ့ကျင့်‌နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းထံကို သွားရောက်တွေ့ဆုံ ခဲ့ပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။မြန်မာအမျိုးသမီးအသင်းဟာ စက်တင်ဘာ ၁၆ရက်မှ စတင်ပြီး စခန်းသွင်း လေ့ကျင့်လျက်ရှိကာ ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ အုပ်စု (က) တွင် အိမ်ရှင် ဖိလစ်ပိုင်၊ မလေးရှား၊ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ဆီးဂိမ်းစ်မှာ မြန်မာအမျိုးသမီးအနေနဲ့ ရလဒ်ကောင်းတွေရယူနိုင်လိမ့်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

source: MFF ' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။