အသက် (၄) နှစ်အရွယ်သာရှိသေးတဲ့ သွန်းမြတ်လေးက အခုဆိုရင် မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Little Miss လေးအဖြစ် အောင်မြင်မှု ရရှိနေပြီ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သွန်းမြတ်လေးရဲ့ဗီဒီယိုလေးတွေကလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ လူကြည့်များနေပြီး ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေသူဖြစ်ပါတယ်။

Photo Credit-Thoon Myat Kyal Sin's FB
Photo Credit-Thoon Myat Kyal Sin's FB

သွန်းမြတ်ကြယ်စင်ကတော့ " ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်ပြီးသွားပါပြီရှင့် ကြော်ငြာတွေကော ဦးဦးနေတိုးနဲ့ ရိုက်မှာပါရှင့် သမီးပရိသတ်တွေကော အရမ်းချစ်ပါတယ်ရှင့် အာဘွား ကျန်းမားရေးဂရုစိုက်နော် သမီးကိုလဲ အများကြီးချစ်ပေး " ဆိုပြီး အသည်းယားစရာကောင်းတဲ့ ချစ်စဖွယ်ပုံစံလေးနဲ့ ပြောထားခဲ့ပါတယ်။

Photo Credit-Thoon Myat Kyal Sin's FB
Photo Credit-Thoon Myat Kyal Sin's FB

သွန်းမြတ်ကြယ်စင်ကတော့ " ဦးဦးနေတိုးကသမီးရဲ့ထာဝရအချစ်ဆုံးလေး သမီးကဟိုးငယ်ငယ်လေးထဲကချစ်တာ သမီးရဲ့ပူတူးတူးလေးပါ ဖေဖေနဲ့မေမေ ခေါ်ရင်ဘယ်လိုထူးလဲ ဆိုတော့ သိပ်ချစ်ရတဲ့ ဖေဖေနဲ့မေမေ ပြောပါရှင့်လို့ ထူးပါတယ်ရှင့် " ဆိုပြီး ပြောထားခဲ့ရာ အဆိုပါဗီဒီယိုလေးကို အောက်မှာဖော်ပြေပေးလိုက်ပါတယ်။

source: myanmar loadtv 

Photo Credit-Thoon Myat Kyal Sin's FB
Photo Credit-Thoon Myat Kyal Sin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။