ဘဝပေးကုသိုလ်ကံကြောင့်ပဲလား။ ရောဂါပုံစံကလည်း အင်မတန်ထူးဆန်းလှပါတယ်။ Rupesh Kumarအမည်ရ အိန္ဒိယမှကောင်လေးဟာ အသက်၂၁နှစ်အရွယ်ပဲရှိပါသေးတယ်။ ဒါပေမယ့် သူဟာ သာမန်လူထက် အိုမင်းနှုန်း ၈ဆပိုမြန်တဲ့ ရှားပါးရောဂါတစ်မျိုးကိုခံစားနေရပြီး လက်ရှိမှာ အသက်၁၆ဝနှစ်အရွယ်အနေအထားရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူတစ်ဦးပဲဖြစ်ပါတယ်။

သူ့ရဲ့ရောဂါဟာ Hutchinson-Gilford progeria လို့ခေါ်တဲ့ ရှားပါးရောဂါတစ်မျိုးဖြစ်ပြီး ရောဂါလက္ခဏာတွေကတော့ ဆံပင်ကျွတ်တာ၊ အရေပြားတွေလျော့ရဲကျလာပြီး အရိုးအဆစ်တွေမသန်တော့တာ၊ တစ်နည်းအားဖြသ့် ခန္ဓာကိုယ်ရဲ့ အိုမင်းမှုနှုန်းဟာ သာမန်လူထက် ၈ဆပိုမြန်နေတဲ့အနေအထားပဲဖြစ်ပါတယ်။ ဒီရောဂါဟာ လူ၈သန်းလောက်မှာမှာ ရှားရှားပါးပါးတစ်ယောက်သာဖြစ်တတ်တဲ့ရောဂါလို့ သိရပါတယ်။

Rupeshရဲ့ရောဂါဟာ ကုသစရာဆေးမရှိတဲ့ ရောဂါဖြစ်ပြီး အဆိုပါရောဂါဖြစ်ပွားသူတွေဟာ အသက် ၁၃နှစ်၊ ၁၄နှစ်အထိပဲအသက်ရှင်နေထိုင်နိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ Rupeshဟာ အသက်၂၁နှစ်အထိ နေထိုင်လာနိုင်ခဲ့ပြီး နောက်ပိုင်းအနည်းငယ်သာကျန်နိုင်တော့တဲ့ သက်တမ်းမှာ အပျော်ရွှင်ဆုံးနေထိုင်သွားနိုင်ဖို့ သူ့ရဲ့မိသားစုက ထောက်ပံ့ပေးနေမယ်လို့သိရပါတယ်။

Source : elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။