သရုပ်ဆောင်မင်းသားကြီး ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ကတော့ အနုပညာလောကမှာစတင်ပြီး နာမည်ရနေတဲ့ တက်သစ်စအနုပညာရှင်လေး ဖြစ်ပါတယ်။ သဇင်ထူးမြင့်က ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ သဇင်ထူးမြင့်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit-Thazin Htoo Myint's FB
Photo Credit-Thazin Htoo Myint's FB
Photo Credit-Thazin Htoo Myint's FB

အခုဆိုရင် သဇင်ထူးမြင့်က မင်းသမီးချော အိချောပိုနဲ့အတူ " ဆုံစည်းခွင့် " ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ ရိုက်ကူးရေးတွေ ဆက်တိုက်ပြုလုပ်နေရတဲ့ သဇင်ထူးမြင့်တစ်ယောက် မနေ့ညက ဆေးကုသမှုခံယူလိုက်ရကြောင်း ပရိသတ်တွေကို ပြောပြထားပါတယ်။ သဇင်ထူးမြင့်က အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ခုကြောင့် ညတွင်းချင်းမှာပဲ ဆေးကုမှုခံယူလိုက်ရတာပဲ ဖြစ်ပါတယ်။

Photo Credit-Thazin Htoo Myint's FB
Photo Credit-Thazin Htoo Myint's FB

သဇင်ထူးမြင့်က " မနေ့ညက ဖြစ်လိုက်ရင် အသည်းအသန် အခုတော့ ရှူတင်မှာ " ဆိုပြီး ပုံလေးနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်။ သဇင်ထူးမြင့်တစ်ယောက် မနေ့ညက ဆေးကုသမှုခံယူခဲ့ရပေမယ့်လည်း ဒီနေ့မနက်မှာတော့ ရိုက်ကူးရေးအတွက် ရှူတင်ကိုရောက်ရှိနေရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေမကောင်းတာတောင် အလုပ်ကြိုးစားတဲ့ သဇင်ထူးမြင့်လေးအတွက် အားပေးစကားလေးတွေပြောပေးခဲ့ကြဦးနော်။

Photo Credit-Thazin Htoo Myint's FB 

Photo Credit-Thazin Htoo Myint's FB
Photo Credit-Thazin Htoo Myint's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။