ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချောသက်မွန်မြင့်ကတော့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရင်ထဲနေရာအပြည့်ယူထားသူလေးပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်လေးတွေနဲ့ ပွင့်လင်းပြီးဖြူစင်တဲ့ စိတ်သဘောထားလေးတွေကြောင့်လည်း ပရိသတ်တွေအပြင် အနုပညာရှင်လောကမှာပါ လူချစ်လူခင်ပေါများသူလေးပါပဲ..။


Photo by Myanmarload
Photo by Myanmarload

အခုတစ်ခါမှာလည်း ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် နေရဲ၊ ထူးခြားနဲ့ သိန်းလင်းစိုးတို့ သုံးယောက်ဟာ လူချစ်လူခင်ပေါများသလို ပျော်ပျော်နေတတ်တဲ့ ချစ်သက်လေးရဲ့ လက်သံပြောင်တဲ့ အကြောင်းလေးတွေကိုလည်း အရွှန်းဖောက်ပြီး ပြောပြလာခဲ့ပါတယ်နော်..။

နေရဲ၊ထူးခြားနဲ့ သိန်းလင်းစိုးတို့ သုံးယောက်ဟာ ချစ်သက်လေးနဲ့ ဇာတ်ကားအတူရိုက်ကူးရင်း သူမရဲ့ပီပြင်တဲ့ အိုင်တင်လေးတွေနဲ့ လက်သံပြောင်လွန်းပြီး ရိုက်ကွင်းပေါ်က အလွဲလေးတွေအကြောင်းကို အရွှန်းဖောက်ပြီး ပြန်လည်ပြောပြထားတာပါ..။


Photo by Myanmarload
Photo by Myanmarload

ချစ်သက်လို့ရော သက်မွန်လို့ပါ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သက်မွန်မြင့်ကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “သခင်ကြီးနှင့်ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အက်ရှင်ဇာတ်ဝင်ခန်းမှာလည်း ပီပြင်လွန်းလို့ အနုပညာရှင်များကလည်း ချီးကျူးထားကြပါတယ်နော်..။

ဒီကနေ့လေးမှာတော ချစ်သက်လေးရဲ့ လက်သံပြောင်တဲ့အကြောင်းလေးကို အရွှန်းဖောက်ပြောပြရင်း အချင်းချင်း ခွီးနေကြတဲ့ ချစ်သက်လေးတို့ရဲ့ အင်တာဗျူးအခွီဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။


Photo by Myanmarload
Photo by Myanmarload

Photo by Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။