ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းဦးကတော့ ဟိုးတစ်ခေတ်က မြန်မာ့ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်နော်။ယနေ့အချိန်ထိလည်း အနုပညာအလုပ်တေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေကိုလည်း ရရှိခဲ့ကာ အနုပညာလောကမှာဝါရင့်မင်းသားကြီးအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Min Oo's Facebook
Photo Credit:Min Oo's Facebook

မင်းဦးကတော့ အသက်တစ်နှစ်ထက်တစ်နှစ်ပိုကြီးလာပေမယ့်လည်း နုပျိုလန်းဆန်း တက်ကြွနေပြီး ချောမောခန့်ညားနေတာပါနော်။ဇနီးချောချောလေးနဲ့လည်း ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်ရေးလေးကို တည်ဆောက်ထားပြီး ချစ်ဇနီးလေးကို ချစ်လွန်းလို့ သွားလေရာကို ခေါ်သွားပြီး ဘေးနားကနေ တစ်ဖဝါးမှမခွာတာဖြစ်ပါတယ်။

Photo Credit:Min Oo's Facebook
Photo Credit:Min Oo's Facebook

အခုဆိုရင်တော့ မင်းဦးတို့ဇနီးမောင်နှံက ငွေဆောင်ကိုရောက်ရှိနေပြီး ခရီးထွက်နေတဲ့အချိန်လေးမှာ မထင်မှတ်ဘဲ ၃နှစ်မြောက် anniversary နေ့လေးနဲ့ တိုက်ဆိုင်နေတာဖြစ်လို့ ဇနီးမောင်နှံနှစ်ယောက်က ကမ်းခြေမှာ ရိုမန့်တစ်ဆန်ဆန်လေး ကြည်နူးပျော်ရွှင်ခဲ့တဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ်နော်။

Photo Credit:Min Oo's Facebook
Photo Credit:Min Oo's Facebook

Photo Credit:Min Oo's Facebook

Video Credit:Min Oo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။