အကယ်ဒမီဆုနှစ်ဆုတိတိသိမ်းပိုက်ရရှိထားတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကိုတော့ လူကြီးလူငယ်မရွေးပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ ရွှေကစ်လေးလို့ အားလုံးကချစ်စနိုးခေါ်ဝေါ်ရတဲ့ ဝတ်မှုန်ရွှေရည်က နိုင်ငံခြားသူလေးလို့ ထင်မှတ်ရလောက်အောင် ချောမောလှပလွန်းတာ ဖြစ်ပါတယ်။ ရွှေကစ်လေးက ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးနဲ့ မျက်နှာလေးကလည်း ဖြူဖွေးနုဖတ်ပြီး ဆယ်ကျော်သက်လေးလို အမြဲလှနေတာဖြစ်ပါတယ်။

Photo Credit-Minn Thet Saen's FB
Photo Credit-Minn Thet Saen's FB

ရွှေကစ်လေးက ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးလက်ခံရိုက်ကူးနေရတဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ မနေ့ကလည်း ရွှေကစ်လေးက အောင်သမာဓိရတနာရွှေဆိုင်အတွက် ကြော်ငြာသစ်လေးတစ်ခုကို လက်ခံရိုက်ကူးပေးခဲ့ရပါသေးတယ်။ ရွှေကစ်လေးက အဖိုးတန်ရွှေထည်တွေကိုဝတ်ဆင်ပြီး အောင်သမာဓိရွှေဆိုင်ရဲ့ 2020-Calendar အတွက် အလှပုံရိပ်လေးတွေရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Wutt Hmone Shwe Yi's IG
Photo Credit-Minn Thet Saen's FB
Photo Credit-Minn Thet Saen's FB

ရွှေကစ်လေးက အောင်သမာဓိရွှေဆိုင်က ရွှေထည်တွေနဲ့ တစ်ကိုယ်လုံးကို အလှဆင်ထားတာပဲ ဖြစ်ပါတယ်။ အဖြူရောင်ဝတ်စုံလေးနဲ့ ဖြူဖွေးနုဖတ်နေတဲ့ ရွှေကစ်လေးရဲ့အလှနဲ့ တန်ဖိုးကြီးရွှေထည်တွေရဲ့တောက်ပမှုတို့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မြင်သူတိုင်းငေးကြည့်ရလောက်အောင် အလှတွေပိုနေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Minn Thet Saen's FB & Wutt Hmone Shwe Yi's IG 

Photo Credit-Minn Thet Saen's FB
Photo Credit-Minn Thet Saen's FB
Photo Credit-Minn Thet Saen's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။