တိရိစ္ဆာန်တို့နဲ့ပတ်သက်ပြီး ပါးစပ်ပြောယုံတမ်းစကားများကို အားလုံးပဲ ကြားဖူးကြမှာဖြစ်ပါတယ်...။ ဥပမာ- တစ်တီတူးငှက်တို့သည် မိုးပြိုမည် စိုးသဖြင့် ဇောက်ထိုးအိပ်တတ်ကြပါတယ်၊ မိကျောင်းတွင် လျှာမရှိ၊ ဗျိုင်းသည်လေဥ အုသည်စသည်ဖြင့် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျယ်ပြန့်စွာ ပြောဆိုသုံးနှုန်းလေ့ရှိပါတယ်...။ ထိုကဲ့သို့ ပြောဆိုမှုများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီး၊ လူအသီးသီးတွင် တွေ့ရှိရတာဖြစ်ပါတယ်...။ လူသားတို့သည် သဘာဝ၏ဆန်းကျယ်မှုများကို အမြဲကြံဆတွေးတော နေသည်ဖြစ်ရာ အဖြေရှာမရသည့် နောက်ဆုံးတွင် မိမိတို့သိရှိထားသည့် ကိုယ်ပိုင်ရှင်းပြချက်များ၊ သီအိုရီများဖြင့် ဖြည့်ဆည်းရန် ကြိုးစားလေ့ရှိကြပါတယ်...။

Photo credit pngtree

တိရစ္ဆာန်တို့နဲ့ ပတ်သက်သော အချို့ ပါးစပ်ပြောထင်မြင်ယူဆချက်များသည် အမှန်တရားနှင့် များစွာဝေးကွာနေသော်လည်း နားထောင်သူတို့ စိတ်ဝင်စားမှုရှိစေရန် ပုံပြင်များ၊ ဒဏ္ဍာရီများအဖြစ်သို့ ပြောင်းလဲပြီး ချဲ့ထွင်ပုံဖော်တတ်ကြတာဖြစ်ပါတယ်...။ ထို့ကဲ့သို့ ချဲ့ထွင်ပုံဖော်ပြောဆိုမှုများကို ဘဘာဝကျကျ ဆန်းစစ်ကြည့်လျှင် လက်ခံနိုင်ဖွယ် မရှိသော်လည်း တိရိစ္ဆာန်တို့၏ ထူးခြားသော စရိုက်လက္ခဏာသွင်ပြင်များ အများဆုံးပါဝင်နေသည်ကိုတော့ တွေ့ရှိရမှာဖြစ်ပါတယ်...။ တိရိစ္ဆာန်များနဲ့ပတ်သတ်ပြီး ပါးစပ်ပြောထင်မြင်ချက်တွေထဲကမှ "ဖားပြုတ်ကို ထိမိလျှင် ကြွက်နို့၊ အသားမာများထွက်တတ်သည်" ဆိုတာနဲ့ပတ်သက်ပြီး တစ်ကယ်ဟုတ်၊ မဟုတ်ဆိုတာကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။

Photo credit pngtree

ဖားပြုတ်တို့သည် ယင်းတို့၏ အရေပြားပေါ်တွင် အဖုအပိန့်များရှိနေသည်ဖြစ်ရာ လူအများက ဖားပြုတ်များကို ထိမိပါက ဖားပြုတ်များကဲ့သို့ ဖြစ်သွားမည်ဟု ထင်မြင်ခဲ့ကြဟန်တူပါတယ်...။ ဤအချက်သည် အယူသည်းချက်တစ်ခုသာ ဖြစ်ပြီး လူများတွင် ကြွက်နို့များ၊အသားမာများထွက်ခြင်းသည် ပါပီလိုမာဟုခေါ်သော ဗိုင်းရပ်စ်(Papilloma virus)ကြောင့် သာဖြစ်ပြီး ဖားပြုတ်က လူကို မည်သို့မျှ ကြွက်နို့ပေါက်စေနိုင်မည်မှာ မဟုတ်ပါဘူး...။ သို့သော်လည်း ဖားပြုတ်၏အဖုများနှင့် မထိတွေ့မိရန် ရှောင်ကြဉ်သင့်သည့် အကြောင်းတစ်ချက်မှာ အချို့သော ဖားပြုတ်တို့၏ ပါရိုတွိုက်ဂလင်း(Parotoid gland) များမှထွက်သော အဆိပ်ရှိသည့် အရည်နှင့် ထိမိပါက လူတို့၏ အရေပြားကို ယားယံမှုကို ဖြစ်စေနိုင်ခြင်းသာရှိတာဖြစ်ပါတယ်...။ အထက်ပါဖော်ပြသွားခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး စာဖတ်ပရိသတ်ကြီးတို့စိတ်ထဲမှာ ရှင်းလင်းသွားမယ်လို့ ယုံကြည်ပါတယ်...။ နောက်ထပ် အသစ်သစ်သော တိရိစ္ဆာန်တွေအပေါ် လွဲမှားမှု အယူအဆတွေကို အမှန်တိုင်းသိရှိသွားရအောင် ဖော်ပြပေးသွားမှာ ဖြစ်တာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်...။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။