ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ဖော်ပြပေးချင်တာကတော့ ကမ္ဘာကြီးပေါ်က ထင်ရှားပြီး အန္တရာယ်ကြီးမားလှတဲ့ နေရာတွေထဲမှာမှ တစ်ခု ဖြစ်တဲ့ ဒါနေးကယ်လ် ကန္တာရ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီနေရာကို အခုလို နာမည်ပေးထားရတဲ့ အကြောင်းအရင်းကတော့ ဒီကန္တာရဟာ သာမန်ထက်ကို ပိုပြီး အပူလွန်ကဲနေတာလည်း ဖြစ်ပါတယ်။ သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ ဒီနေရာရဲ့ အပူချိန်ဟာ ပေါင်မုန့်၊ကိတ်မုန့်များကို ဖုတ်ရန် အသုံးပြုရတဲ့ အပူချိန် ၁၂၀ ဒီဂရီ ဖာရင်ဟိုက်အထိရှိတာပဲ ဖြစ်ပါတယ်ယင်းအပူချိန်ကို မီးတောင်ရှင်များနှင့် အဆိပ်ဓာတ်ငွေ့များ ပန်းထွက်နေသည့် ရေပူစမ်းအများအပြားတွင် တွေ့ရှိရတတ်ပါတယ်။

Photo Credit : Pngtree

အာဖရိကတိုက်မှာ တည်ရှိတဲ့ ဒါနေးကယ် သဲကန္တာရဟာ ကမ္ဘာပေါ်မှာရှိတဲ့ များစွာသော သဲကန္တာရ တွေထဲမှာမှ အပူပြင်းဆုံးလို့တောင် တင်စားလို့ရတဲ့ သဲကန္တာရပဲ ဖြစ်ပါတယ်။ ပြင်းထန်သော အပူချိန်ကြောင့် လူအများက ဒါနေးလ် ကန္တာရကို ကမ္ဘာမြေပြင်ပေါ်မှ ငရဲဘုံဟု တင်စားပြောဆိုကြပါတယ်။သို့သော်လည်း ဒီငရဲနေရာကိုပင် ကမ္ဘာအနှံ့မှ သတ္တိ ကောင်းသည့် စွန့်စားသူများကို ဆွဲဆောင်လျက်ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒါနေးလ်သို့ ကိုယ်တိုင်သွားရောက်မည့်သူများသည် အတွေ့အကြုံရင့်ကျက်သည့် ဧည့်လမ်းညွှန်များမပါရှိဘဲ သွားရောက်ခြင်းမပြုရန် တင်းကျပ်စွာ တားဖြစ်ထားရပါတယ်။

Photo Credit : Pngtree

သွားရောက်နေစဉ်အတွင်း အတွေ့အကြုံကောင်းကောင်းမရှိပါက ချွေးထွက်လွန်ခြင်း ၊ ရေဓာတ်ခန်းခြောက်ခြင်း စတဲ့ အရာတွေကို ခံစားနိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရဲစွန့်ပြီး မသွားရောက်ခင် ဒါနေးကယ်လ် သဲကန္တာရနဲ့ ပတ်သက်ပြီး အသေအချာလေ့လာပြီးမှသာ သွားရောက်သင့်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက်လည်း အခုလို ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေ ထပ်မံ ဖော်ပြပေးအုန်းမှာမို့လို့ စောင့်မျှော်ဖတ်ရှု ပေးကြပါခင်ဗျ....

Photo Credit : Pngtree

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။