ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားတဲ့ ပြည်သူ့အချစ်တော်လေးပါ..။

အနုပညာအလုပ်တွေကြောင့် ခရီးတွေထွက်ဖြစ်နေတဲ့ စိုးပြည့်လေးတို့ မိသားစုကတော့ ခရီးသွားရင်း သစ်ခိုးတင်တဲ့ ကားနဲ့မှားပြီး အဖမ်းခံခဲ့ရပြီး ရင်ထိပ်စရာအဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်နော်..။


Photo Credit - Soe Pyae Thazin’s Facebook
Photo Credit - Soe Pyae Thazin’s Facebook

ပြည်ကနေ ရန်ကုန်ကိုအပြန် လမ်းမှာ ည(၁၂)လောက်အချိန် လူပြတ်နေတဲ့ ကားလမ်းမတစ်နေရာမှာ ကားတားတာကို ရပ်မပေးလို့ ကားနောက်ကနေ ကပ်လိုက်ပြီး အနောက်က လိုက်လာကြတဲ့ လူတစ်စုဟာ သူမတို့ကားကို အတင်းရပ်ခိုင်းဖို့ ကြိုးစားခဲ့တဲ့ အကြောင်းလေးကို စိုးပြည့်လေးရဲ့ မေမေက ပြောပြထားတာ ဖြစ်ပါတယ်..။

သစ်ကားနဲ့ မှားပြီး အဖမ်းခံခဲ့ရတာဖြစ်ပြီး ယူနီဖောင်းမပါပဲ အရပ်ဝတ်နဲ့ ညသန်းခေါင် ကားနောက်က ကပ်လိုက်ကာ ကျော်မောင်းလိုက် ကပ်မောင်းလိုက်နဲ့ ကားရပ်တဲ့အချိန်မှာလည်း လူတွေပြေးဆင်းလာပြီး အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ ရင်ထိတ်စရာအဖြစ်အပျက်လေးကို ပြောပြထားတာပါ..။


Photo Credit - Mar Lar’s Facebook
Photo Credit - Mar Lar’s Facebook

“ညဘက် ခရီးသွားအ တွေ့အကြုံလေးတခုပါ

ည ၁၂ နာရီလောက်ပြည်က နေရန်ကုန်ပြန်တဲ့လမ်းတ နေရာ

လူတစုဓါတ်မီးထိုးပြီးကားကိုတားတယ်ပထမ တော့ကားပျက် လို့အကူအညီတောင်းတာထင်လို့ရပ်ပေးမလို့ပဲဒါပေမဲ့အနားက အမရာ ကမရပ်နဲ့မရပ်နဲ့ပြောတာနဲ့ဆက်မောင်းလိုက်တယ်

ခုနကားက နောက် က မောင်းလိုက် လာပြီးကျော်တက်ပြီးပိတ်ရပ်မလို့လုပ်တော့သူ့ကားကိုပြန် ကျော်မောင်းလိုက် တယ် ကားက နောက် ကကပ် လိုက် လာတယ် ကိုယ်တွေလဲ လန့်သွား တယ်လမ်းကလည်းလူပြတ် တယ်လေ ကြောက်ကြောက်နဲ့လက်နက်ရှာတော့ရှုတင်ထီးတချောင်းနဲ့စတီးဓါတ်ဗူးပဲတွေ့တယ်လာလို့က တော့တွေ့တာနဲ့တီးထည့်မှာ

ကားကလည်းကပ် ပါလာတယ် နဲနဲမောင်းပြီးတော့ရှေ့မှာPOLICE ဆိုတဲ့ကားတစီးတွေ့လိုက်တော့ ဝမ်းသာအားရဝင်ရပ် လိုက်တယ်..

ကားရပ်ရပ်ချင်းနောက် ကားကလူတွေပြေးဆင်းလာပြီး ကားသော့ဖြုတ်မလို့တဲ့ မောင်းပြေးမှာစိုးလို့ ကားသော့မ တွေ့ဘူးလေ ကားသော့တပ်ပြီး မောင်းတဲ့ကားမဟုတ်တော့ ဘယ်တွေ့မလဲ

ဘာလုပ်တာလဲ မေးတော့သစ်တောက သစ်သယ်လာတယ်သတင်းရလို့ ကားတားတာမရပ် လို့ရဲကားကို အကြောင်းကြားပြီးတားတာတဲ့

ဖြစ်ရလေဆရာတို့ရယ် ဝတ္တရားအရဖမ်းနိုင်ပါတယ်ဒါပေမဲ့ ရဲနဲ့သစ်တောယူနီဖေါင်းအပြည့်အစုံနဲ့ လူအုပ်စုနဲ့ဖမ်းသင့်ပါတယ်

ခုတော့ ယူနီဖောင်းမပါ အရပ်ဝတ်နဲ့ ညဖက်သန်းကောင် ကားရပ်ခိုင်းတာတော့ ဘယ်သူမဆိုမရပ်ပေးပါဘူး သူခိုးလားဓါးမြလားမသိ ကိုယ့်အသက်နဲ့ရင်းပြီး မရပ်နိုင်ပါဘူး ရုပ်တွေကလည်း လူဆိုးရုပ်တွေပါ

ရဲစခန်းကို သူတို့ကိုမောင်းခိုင်းလိုက်တယ် စခန်းမှုုးကြီးကတော့ တောင်းပန်ပါတယ်နောက် ကို ယူနီဖောင်းဝတ်ဖို့ ပြောပါတယ်

အပြုသဘောနဲ့ ရေးခြင်းဖြစ်ပါတယ်

ပြည်လမ်းတ နေရာ

လူကိုထိပ် လန့်စေတဲ့ သဲထိပ်ရင်ဖို ဇာတ်လမ်းတခုပါ သတင်းရလည်း သေသေချာချာလုပ်ကြပါ ဆရာတို့ရယ် မင်းသမီးကားနဲ့ သစ်ကားမှားလိုက်ရတယ်လို့..” ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Mar Lar’s Facebook
Photo Credit - Mar Lar’s Facebook

Photo Credit - Mar Lar’s Facebook

Source - Mar Lar’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။