မော်လ်ဒယ်လောကမှ အနုပညာနယ်ပယ်ထဲသို့ အောင်မြင်စွာဝင်ရောက်ခဲ့တဲ့ မင်းသမီးယုသန္တာတင်ကိုလည်းသိကြမယ်ထင်ပါတယ်နော်။ သူမကတော့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အချိန်အတိုလေးအတွင်းမှာတင် ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့ သရုပ်ဆောင်မှု ဇာတ်ကားတော်တော်များများကလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ရတဲ့ ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်နော်။

Photo Credit : Yu Thandar Tin Facebook
Photo Credit : Yu Thandar Tin Facebook

သူမကတော့လက်ရှိမှာ ပြည်တွင်းပြည်ပခရီးစဉ်တွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး ခရီးစဉ်တစ်လျှောက် အမှတ်တရ ပုံရိပ်တွေကိုလည်းဖော်ပြခဲ့တာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့ ယဉ်ယဉ်လေး အလှကြီးလှနေတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိနဲ့ အခါခါပြန်ကြည့်မိအောင်ကို လှရက်လွန်းနေတာဖြစ်ပါတယ်။

Photo Credit : Yu Thandar Tin Facebook
Photo Credit : Yu Thandar Tin Facebook

ဒီနေ့မှာတော့ သူမရဲ့ လှပတဲ့ဝတ်စုံလေးနဲ့ ကျော့ရှင်းနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရူ့နိုင်စေရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။အနုပညာအလုပ်တွေ နည်းပါးနေပေမဲ့လည်း သူမရဲ့နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြပေးလျက်ရှိပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း ယုရဲ့ ပုံရိပ်လေးတွေကို ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်။

Photo Credit : Yu Thandar Tin Facebook
Photo Credit : Yu Thandar Tin Facebook

Source:Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။