မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ချစ်ခင်ပွန်း၊ သားလေးတို့နဲ့အတူ အများကအားကျရတဲ့ မိသားစုဘဝလေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မိသားစုဝင်သုံးယောက်ရှိတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ဘဝလေးထဲကို မကြာခင်မှာ မိသားစုဝင်အသစ်လေးက ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက ဒုတိယရင်သွေးလေးဖြစ်တဲ့ သမီးလေးကို ကိုယ်ဝန်လွယ်ထားရပြီပဲ ဖြစ်ပါတယ်။

Photo Credit- Thinzar Nwewin's FB
Photo Credit- Thinzar Nwewin's FB
Photo Credit- Thinzar Nwewin's FB

သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ သဉ္ဇာနွယ်ဝင်းရဲ့မိသားစုလေးမှာတော့ ချစ်စရာကောင်းတဲ့သားလေးက အိမ်ရဲ့ဆည်းလည်းလေး ဖြစ်ပါတယ်။ Peach လေးက နာမည်လေးနဲ့လိုက်အောင် အသည်းယားစရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အခုလည်း သဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်းက သူမတို့သားအမိနှစ်ယောက်ရဲ့ ရေကစားနေတဲ့ပုံရိပ်လေးကို လူမှုကွန်ယက်မှာမျှဝေထားပါတယ်။

Photo Credit- Thinzar Nwewin's FB
Photo Credit- Thinzar Nwewin's FB
Photo Credit-Steven Hla's FB

ရေကူးကန်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရေကစားနေကြတဲ့ သဉ္ဇာနွယ်ဝင်းတို့သားအမိကတော့ အရမ်းကိုချစ်ဖို့ကောင်းနေကြတာ ဖြစ်ပါတယ်။ Peach လေးကလည်း မေမေနဲ့အတူ ရေဆော့ကစားရလို့ အပြုံးလေးတွေဝေဆာကာ အတိုင်းမသိပျော်ရွှင်လို့နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Steven Hla's FB & Thinzar Nwewin's FB 

Photo Credit- Thinzar Nwewin's FB
Photo Credit- Thinzar Nwewin's FB
Photo Credit- Thinzar Nwewin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။