ဘာဘီနဲ့တူအောင် ခွဲစိတ်ခဲ့တဲ့ သားအမိ

သားအမိနှစ်ယောက်ဟာ ဘာဘီနဲ့တူအောင် ပေါင်ခြောက်သောင်းကျော် အကုန်အကျခံပြီး ခွဲစိတ်ခဲ့ပါတယ်။ အမေကဘာဘီနဲ့တူအောင် နှုတ်ခမ်းဆေးထိုး၊ ပါးရိုးဖြည့်တာတွေနဲ့ botox တွေထိုးခဲ့ရပြီး သမီးကတော့ Katie Price နဲ့တူချင်လို့ ရင်သားကြီးအောင်ခွဲစိတ်ပြီး၊ နှုတ်ခမ်းထူအောင် ဆေးထိုးခဲ့ပါတယ်။ ခွဲစိတ်ဖို့ ပိုက်ဆံရအောင် အဖော်အချွတ်ကတာတွေမှာ ဝင်လုပ်ခဲ့ပါတယ်။ သူတို့သားအမိက “OMG! My Mum’s hotter than me” ဆိုတဲ့ တီဗီအစီအစဉ် မှာ ပါဝင်လာတာဖြစ်ပြီး အမေက သူ့သမီးက ၁၁နှစ်ကတည်းက ဒီလိုခွဲစိတ်ဖို့ ပြင်ဆင်ခဲ့တယ်လို့ ပြောပါတယ်။ အခုအခါမှာ C Cup ရှိပြီး G Cup ဖြစ်တဲ့အထိ ခွဲစိတ်မယ်လို့ပြောကြားခဲ့ပါတယ်။ သူ့သမီးရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့လည်း ပြသနာမရှိပါဘူးတဲ့။ သူကစံပြမိန်းကလေးပါဘဲ။ အမှီအခိုကင်းပြီး သူလိုချင်တဲ့ပိုက်ဆံသူရှာနေတာပါဘဲတဲ့။

သူတို့သားအမိက တူတူအလှပြင်ဆိုင်တွေသွားကြပြီး ခွဲစိတ်ကြပါတယ်တဲ့။ ခုပုံစံကိုလည်း မကျေနပ်သေးဘဲ ထပ်ခွဲစိတ်ဖို့ အစီအစဉ်ရှိပါတယ်တဲ့။ ဒီလို သူခွဲစိတ်ဖို့ ပိုက်ဆံရှာပေးတဲ့ သမီးရှိတာလည်း ဂုဏ်ယူပါတယ်တဲ့။ Kalya က၁ရနှစ်ကတည်းက အဖော်အချွတ်ကပြီး ပိုက်ဆံရှာဖို့အတွက် ကျောင်းထွက်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။