ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ ထူးခြားဆန်းလှတဲ့ ကြောက်စရာ ကျွန်း တစ်ကျွန်းအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဒီကွှန်းလေးကတော့ မြွေကျွန်းလို့ ခေါ်ဝေါ်ကြပြီး ဘရာဇီးလ်နိုင်ငံ၏ ကမ်းခြေ တစ်ခုတွင် ပုန်းကွယ်တည်ရှိနေသည့် ကျွန်းလေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီကျွန်းလေးပေါ်မှာ ကမ္ဘာပေါ်က အဆိပ်အပြင်းထန်ဆုံးသော မြွေတစ်မျိုးဖြစ်သည့် Bothrops များက နေရာ အပြည့်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီကျွန်းလေးမှာ ဘယ်လောက်တောင် မြွေပေါသလဲဆိုရင် ကျွန်း၏ တစ်စတုရန်းမီတာနေရာတိုင်းတွင် မြွေငါးကောင်ရှိ တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားထားပါတယ်။ ဒီကျွန်းလေးပေါ်မှာ မြွေကိုက်ခံရပြီး သေဆုံးသွားတဲ့ လူတွေ အမြောက်အမြားရှိခဲ့ပြီး အဆိုးဆုံးကတော့ ဒီကျွန်းလေးပေါ်မှာ အလုပ်လုပ်နေတဲ့ မီးပြစောင့်ပါ မြွေကိုက်ခံရလို့ သေဆုံးသွားပြီးကတည်းက မီးပြတိုက်မှာ လူထပ်မထားတော့ပဲ အလိုအလျောက် မီးပြသည့် စနစ်ကိုကျင့်သုံးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အစိုးရဟာ ဒီကျွန်းလေးပေါ်ကို ဘယ်သူမှ မလာရောက်စေရန် တားမြစ်နယ်မြေပြုလုပ်ထားပြီး ယခုအခါမှာတော့ ကျွန်းလေးဟာ လူသူမရှိတဲ့ တောရိုင်းကြီး တစ်ခုအဖြစ်ရှိလို့နေပါတယ်။ ပရိသတ်ကြီးအတွက် အခုလို ထူးဆန်းတဲ့ နေရာတွေ အကြောင်းကို ၇ှာဖွေ တင်ဆက်ပေးအုန်းမှာ မို့လို့ စောင့်မျှော်ဖတ်ရှုပေးပါအုန်းနော်။

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။