ပရိသတ်ကြီးကို အခုတစ်ခါဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ မိမိအသက်ကို လောင်းကြေးထပ်ပြီး ပျားဖွတ်နေရတဲ့ အဘိုးအို တစ်ဦးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီအဘိုးအိုရဲ့ နာမည်ကတော့ မူလီဒန်ဖြစ်ပြီး နီပေါနိုင်ငံမှာ နေထိုင်တဲ့ အဘိုးအို တစ်ဦးလည်း ဖြစ်ပါတယ်။ ဝမ်းရေးအတွက် အသက်ကို တောင် ရင်းပြီး သက်စွန့်ဆံဖျား လုပ်ကိုင်စားသောက်နေရတဲ့ အဘိုးအိုရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

နီပေါနိုင်ငံ မှာ ယခုလို ပျားဖွတ်တဲ့ အလုပ်ဟာ အလွန်ကို အန္တရာယ်များပေမယ့်လည်း အမြတ်အစွန်း မြိုးမြိုုး မြတ်မြတ် ရတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ပျားဖွတ်ပြီးရလာတဲ့ ပျားရည်ဟာ အလွန်စေးထန်ပြီး နီနီရဲရဲ အရောင်နဲ့ဆိုရင် မှောင်ခိုဈေးကွက်မှာ ပုံမှန်ဈေးထက် ၆ဆ ပိုရတတ်ပါတယ်။ ဒါ့ကြောင့်လည်း ပျားဖွတ်တဲ့အလုပ်ဟာ သေမင်းနဲ့ အလောင်းအစားလုပ်ပြီး ဝမ်းစာ ရှာဖွေနေရတဲ့ အလုပ်ဆိုရင်လည်း မမှားဘူး။

Photo Credit : Once A Glance Page
Photo Credit : Once A Glance Page

ဒါပေမယ့်လည်း အသက် ၅၇နှစ်အရွယ် နီပေါအဖိုးအိုကတော့ သူ့အိမ်အတွက် လိုအပ်တဲ့ စားဆီနဲ့ အိမ်သုံးဆားဝယ်ဖို့ အတွက် လိုအပ်တဲ့ ငွေကြောင့်သာ ပျားဖွတ်နေတာ ဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါပေမယ့်လည်း အိုမင်းလှတဲ့ သူ့အသက်အရွယ်ကြောင့် ယခုလို အန္တရယ်များလှတဲ့ အလုပ်ကို နားတော့မှာ ဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။ ထမင်းတစ်နပ် စားရဖို့အတွက် နေ့စဉ် အသက်နဲ့ ရင်းပြီး လုပ်ကိုင် နေရတဲ့ အခြေခံလူတန်းစားတွေဘဝတွေထဲက တစ်ခုအကြောင်းကိုသာ ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

Photo Credit : Once A Glance Page

Source : Once A Glance Page

Photo Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။