ပရိသတ်ကြီးရေ...ဒီတစ်ပါတ်မှာတော့ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ မီးတံခွန်အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အမြဲ update ဖြစ်အောင် အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေတာမလို့ ကျွန်ုပ်တို့ Myanmarload page ကို like and see first လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်...။ သာယာလှပပြီး ကြည်လင်အေးမျှတဲ့ ရေတံခွန်ကို မည်သူမဆို သွားရောက်လည်ပတ်ချင်ကြပေမယ့် မီးလျှံတွေနဲ့ ပြည့်နှက်နေတဲ့ မီးတံခွန်ဆိုရင်တော့ စဉ်းစားတွေးတောဖို့ လိုအပ်လာပြီဖြစ်ပါတယ်..။

Photo credit Once A Glance Page

အခုဖော်ပြပေးမယ့် မီးတံခွန်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတာဖြစ်ပါတယ်...။ မီးတံခွန်လို့ ပြောရခြင်း အကြောင်းအရင်းကတော့ မီးရောင်လွှမ်းနေတဲ့ ရေခဲမြစ် တစ်စီးကြောင့်ပဲဖြစ်ပါတယ်...။ ထိုမီးရောင်လွှမ်းနေတဲ့ ရေခဲမြစ်တွေ စီးဆင်းနေတာကို ရိုက်ကူးခဲ့ပြီးနောက် "မီးတံခွန်"ဆိုပြီး ထူးဆန်းတဲ့မြင်ကွင်းတစ်ခုအဖြစ် နာမည်ကျော် လူသိများလာတာဖြစ်ပါတယ်...။ စာဖတ်ပရိသတ်ကြီး မြင်တွေ့နေရတဲ့ ရှုခင်းကို အတိအကျပြောရမယ်ဆိုရင် "USA " ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ယိုဆီမိတ် ( Yosemite) အမျိုးသား ဥယျာဉ်ထဲမှာပဲဖြစ်ပါတယ်...။

Photo credit Once A Glance Page

ဒီမြင်ကွင်းကို တစ်နှစ်ပါတ်လုံးမြင်ရတာ မဟုတ်ဘဲ နှစ်စဉ်နှစ်တိုင်း (Glaciers) ဆိုတဲ့ ရေခဲမြစ်တွေ အရည်ပျော်တဲ့ ဖေဖေါ်ဝါရီလ ဒုတိယပါတ်မှာပဲ စတင် မြင်တွေ့ရမှာဖြစ်ပါတယ်...။ ၎င်းကာလမှာဆိုရင် နေ့စဉ်၊ နေဝင်ပြီး နာရီ အနည်းငယ်လောက်ကြာတဲ့အခါ ထိုအံ့အားသင့်ဖွယ် မြင်ကွင်းက ကျွန်ုပ်တို့ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားပါတယ်...။ "Feb"လ လောက်ဆို "Camera" သမားတွေ စုရုံး ရောက်ရှိလာကြပြီး ဓါတ်ပုံတွေ လက်စွမ်းပြ မှတ်တမ်းတင်ကြတာဖြစ်ပါတယ်...။ နေရောင်ခြည်က ရေခဲမြစ်ပေါ် ထောင့်မှန် ကျ သက်ရောက် နေချိန်အတွင်း ရေခဲမြစ်ထဲက ပါလာတဲ့ ရေခဲမှုန်မွှားလေးတွေရဲ့ ရောင်ပြန်ဟပ်ခြင်း( reflection ) ဟာ အံသြ လောက်အောင်ကို ရောင်စဉ်တွေ ဖြာထွက်နေပါတယ်...။ အနီရောင် နှင့် လိမ္မော်ရောင် ရောင်စဉ်များဖြာထွက်တဲ့ မြင်ကွင်းကို လာရောက်ကြည့်ရှုကြတဲ့ ခရီးသွားများဟာ ယနေ့ အချိန်မှာ တော့ လူဦးရေ ၄သန်းထက်မက ရှိနေပြီပဲဖြစ်ပါတယ်...။

Source Once A Glance Page

Photo credit Once A Glance Page

Photo credit Once A Glance Page
Photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။