အဆိုတော်စန္ဒီမြင့်လွင်ကတော့ ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အေးချမ်းသာယာစွာနေထိုင်နေတာပဲဖြစ်ပါတယ်။စန္ဒီမြင့်လွင်မှာ သူမနဲ့တူတဲ့ သမီးချောလေးတစ်ယောက်လည်းရှိပြီး ချစ်ခင်ပွန်းကလည်း အရမ်းကြင်နာယုယတတ်ကာ မိန်းမဆန္ဒကိုဦးစားပေးတဲ့ ခင်ပွန်းကောင်းဖြစ်လို့ စန္ဒီမြင့်လွင်ရဲ့ချစ်စရာမိသားစုလေးကို ပရိသတ်တွေက အားကျကြပါတယ်နော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

မေမေစန္ဒီမြင့်လွင်က Treasure လေးကို သေချာဂရုစိုက်ပြီးပြုစုပေးနေတာကြောင့် အနုပညာအလုပ်တွေကိုတော့ တွင်တွင်ကျယ်ကျယ်မလုပ်ကိုင်သေးပေမယ့် ဖြည်းဖြည်းမှန်မှန်နဲ့တော့ လှုပ်ရှားနေတာဖြစ်ပါတယ်။Treasure လေးကလည်း မေမေနဲ့ချွတ်စွတ်တူပြီး ပါးဖောင်းဖောင်းလေးတွေက အသည်းယားစရာကောင်းသလို နှုတ်ခမ်းလေးကလည်းအရမ်းချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေကပါ Treasure လေးကို ချစ်ကြပါတယ်နော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

အခုဆိုရင်တော့ မေမေဒီးဒီးက "သမီးလေးအနားမှာ အချိန်ပြည့်နေပြီး တစိမ့်စိမ့်ကြည့်နေချင်ပေမယ့်လည်း သမီးလေး ဂုဏ်ယူရတဲ့ မေမေဖြစ်ဖို့ ဒီးဒီအလုပ်တွေ ပိုကြိုးစားနေပါတယ်။ ဒီထက်လည်း အများကြီး ပိုကြိုးစားရဦးမှာပါ။အလုပ်တစ်ဖက်၊ သမီးလေးတစ်ဖက်နဲ့ ဘယ်လောက်ပင်ပန်းပင်ပန်း ဒီဗီတာမင်တုံးလေးကို မြင်လိုက်တာနဲ့ ချက်ချင်းပျောက်သွားတာပဲ။"ဆိုပြီး မိခင်တစ်ယောက်ရဲ့မေတ္တာတွေကို ထုတ်ဖော်ပြောကြားလာပါတယ်နော်။

Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook
Photo Credit:Dee Dee's Facebook

Photo Credit:Dee Dee's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။