မင်းသမီး သဉ္ဇာနွယ်ဝင်းကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ Peach လေးလို့ ချစ်စနိုးနဲ့ အမည်ပေးထားတဲ့ သဉ္ဇာနွယ်ဝင်းရဲ့သားလေးက အရွယ်လေးနဲ့မလိုက်အောင် သွက်သွက်လက်လက်နဲ့ စကားတတ်လွန်းသူလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေအားလုံးက သဉ္ဇာနွယ်ဝင်းကိုသာမက သား Peach လေးကိုပါ ချစ်ခင်နေရတာ ဖြစ်ပါတယ်။

Photo Credit - Thinzar Nwewin's FB
Photo Credit - Thinzar Nwewin's FB

သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်ခဲ့သလို အခုလိုဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာတော့ အလုပ်တွေကို ရပ်နားထားတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းတစ်ယောက် ရုပ်ချင်းဆင်ပြီး ချစ်ဖို့ကောင်းတဲ့ Peach လေးတို့သားအဖကြောင့်လည်း တစ်နေ့တစ်နေ့ပျော်ရွှင်နေရတာ ဖြစ်ပါတယ်။ အခုလည်း Peach လေးတို့သားအဖက ပျော်ပျော်ပါးပါး ဆော့ကစားနေကြပြန်ပါတယ်။

Photo Credit -Thinzar Nwewin's FB
Photo Credit -Thinzar Nwewin's FB
Photo Credit -Thinzar Nwewin's FB

Peach လေးက ဖေဖေနဲ့အတူ Sunkist သီးအစိတ်လေးတွေကို ပါးစပ်မှာကိုက်ပြီး အတူတူဆော့ကစားနေကြတာပဲ ဖြစ်ပါတယ်။ ရုပ်ပြောင်လေးတွေလုပ်ပြနေတဲ့ Peach လေးတို့သားအဖနှစ်ယောက်ကိုကြည့်ပြီး သဉ္ဇာနွယ်ဝင်းပါ ရယ်မောပျော်ရွှင်နေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းရဲ့ ပျော်ရွှင်စရာမိသားစုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Steven Hla's FB & Thinzar Nwewin's FB 

Photo Credit -Thinzar Nwewin's FB
Photo Credit -Thinzar Nwewin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။