ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတွေဖြစ်ကြတဲ့ မြင့်မြတ်နဲ့ Sinon Loresca တို့ကတော့ ဇာတ်ကားအတူ အတူရိုက်ရင်း ပျော်နေကြပါတယ်နော်..။

ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို အပြည့်အဝရရှိထားကြပေမယ့် ရိုးသားပြီး အနေအေးကာ ပကာသနမဖက်တဲ့ ဟန်ပန်တွေနဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ အနုပညာရှင်စိတ်ထားတွေကြောင့်လည်း ပရိသတ်တွေရဲ့ ရင်ထဲ နက်နက်ရှိုင်းရှိုင်းနေရာယူထားကြသူတွေပဲ ဖြစ်ပါတယ်..။


Photo Credit - Myat Wai Tun’s Facebook
Photo Credit - Sinon Loresca’s Facebook

ပရိသတ်တွေရဲ့အသည်းကျော် နှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်နေပြီး လတ်တလောမှာလည်း ဇာတ်ကားအတူရိုက်ကူးဖို့အတွက် ပုဂံကိုရောက်ရှိနေကြပါတယ်နော်..။

ဇာတ်ကူးအတူရိုက်ကူးဖို့အတွက် ပုဂံကိုရောက်ရှိနေကြတဲ့ မြင့်မြတ်နဲ့ Sinon တို့ နှစ်ယောက်ကတော့ ရိုက်ကူးရေးတွေမစခင် ပုဂံမှာ ဘုရားဖူးလျှောက်လည်ရင်း အမှတ်တရဓာတ်ပုံတွေလည်း ရိုက်ကာပျော်နေကြပါတယ်နော်..။


Photo Credit - Sinon Loresca’s Facebook
Photo Credit - Myat Wai Tun’s Facebook

အတူရိုက်ကူးထားကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားကြသေးတာမို့ ပရိသတ်တွေအားလုံးကလည်း သဘောကျအချစ်ပိုနေကြပါတယ်နော်..။

ကြော်ငြာစာတမ်းလေးတွေကိုင်ပြီး နှစ်ယောက်အတူ ပို့စ်အတူတူပေးကာ ဓာတ်ဖမ်းထားကြတဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို မချစ်ပဲ မနေနိုင်အောင်ကို သဘောကျစေတာပါနော်..။

Photo Credit - Sinon Loresca’s Facebook
Photo Credit - Myat Wai Tun’s Facebook

Photo Credit - Myat Wai Tun’s Facebook & Sinon Loresca’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။