ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဟာသသရုပ်ဆောင်ခင်လှိုင်ဟာဆိုရင် အနုပညာလောကထဲကို ဟိုးတစ်ခေတ်ကတည်းကဝင်ရောက်လာခဲ့ပြီး ဟာသဉာဏ်ရွှင်တာကြောင့် ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်နော်။ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး သားနဲ့သမီးကို အနုပညာအမွေတွေလက်ဆင့်ကမ်းပေးနေတာဖြစ်ပါတယ်။

Photo Credit:Khin Hlaing's Facebook
Photo Credit:Khin Hlaing's Facebook
Photo Credit:Khin Hlaing's Facebook

ခင်လှိုင်ရဲ့ သားချောနေရဲနဲ့ သမီးချောသဇင်ထူးမြင့်တို့နှစ်ယောက်ကလည်း အနုပညာအလုပ်တွေကို တတ်နိုင်သလောက်လုပ်ဆောင်နေကြပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိထားတာဖြစ်ပါတယ်။ခင်လှိုင်ကတော့ ယနေ့အချိန်ထိတိုင် နုပျိုခန့်ညားနေဆဲဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ဆဲဖြစ်ပါတယ်။အခုဆိုရင်လည်း ခင်လှိုင်တို့အနုပညာအဖွဲ့သားတွေက "လူထဲကလူ"ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့အတွက် ပုဂံကိုရောက်ရှိနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Khin Hlaing's Facebook
Photo Credit:Khin Hlaing's Facebook

ခင်လှိုင်ကတော့ ချစ်ဇနီးချောလေးကိုလည်း သွားလေရာနေရာတိုင်းကိုခေါ်သွားတတ်ပြီး ဘေးနားကနေတစ်ဖဝါးမှမခွါနိုင်အောင် အရမ်းချစ်တာဖြစ်ပါတယ်။အသက်တွေကြီးသွားပေမယ့် မပြောင်းလဲတဲ့ချစ်ခြင်းမေတ္တာတရားတွေနဲ့ တူနှစ်ကိုယ်ယှဉ်တွဲနေတဲ့ ခင်လှိုင်တို့ဇနီးမောင်နှံက"ကလေးတွေအလစ်မှာ ငယ်မူပြန်ကြတာပေါ့ မငွေသိမ်းရေ"ဆိုပြီး နှစ်ယောက်သားကြည်နူးနေကြတဲ့ ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Khin Hlaing's Facebook
Photo Credit:Khin Hlaing's Facebook
Photo Credit:Khin Hlaing's Facebook

Photo Credit:Khin Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။