ဝဝပြည့်ပြည့်ခန ္ဓာကိုယ်မှ သွယ်လျတဲ့ ခန ္ဓာကိုယ်ရအောင်ဘယ်လို ဝိတ်ချမလဲ

အဆိုတော်ပိုပိုဆိုတာ သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုပြီး ပရိသတ်ကြား အောင်မြင်မှုရခဲ့တဲ့သူပါ။ အရင်က ခပ်ဝဝပြည့်ပြည့်ပုံစံလေးရှိခဲ့ပြီး အခုချိန်မှာ သွယ်လျလှပတဲ့ ပုံစံမျိုးကိုတွေ ့ရတာမို ့ဘယ်လိုမျိုး ဝိတ်ချခဲ့လဲဆိုတာကိုပတ်သက်ပြီး ပိုပိုက အခုလိုပဲပြောပြသွားခဲ့ပါတယ်။

“ပိုပိုက မနက်ဆိုရင် ကွေကာအုပ်သောက်တယ်..နေ ့ခင်းပိုင်းဆိုရင်ရေနွေးသောက်တယ်..ရေလည်းများများသောက်တယ်..

ထမင်းမစားခင်မှာလည်းရေတွေသောက်တယ်..ညပိုင်းဆိုရင် လုံးဝအစားမစားတာမျိုးရှိတယ်.. နေ ့ခင်းထမင်းကိုလည်း ၇ လုတ် ၈လုတ်လောက်ပဲစား

တယ်..အသီးအရွက်တွေများများစားတယ်..တကယ်လို ့ညပို်င်းအရမ်းဗိုက်ဆာရင် အသီးအရွက်တွေသုပ်စားတယ်..နောက်ပြီး ရေနွေးပူပူထဲမှာ သံပုရာသီးကို အခွံလိုက်ပါ စိမ်ပြီး ဂျင်းပါထည့်သောက်တယ်.. အဲ့ဒါကနေ ့တိုင်းသောက်ဖြစ်တယ် အဓိက ညပိုင်းတွေ မစားဖြစ်တာပါ ” လို ့ဆိုပါတယ်။ ပိုပိုဟာ ပေါင် ၁၅၀ ကနေ ၁၁၆ ၁၁၇ ပေါင်နီးပါးလျှော့ချနို်င်ခဲ့တာပါ။ ပိန်ဆေးလုံးဝမသောက်ဘဲ အားကစားလုပ်ဖြစ်ပြီး အားဆေးလဲသောက်တယ်လို ့ပြောပါတယ်။

ဆက်လက်ပြီး ပိုပို က ပျိုမေတွေ ဝိတ်ချချင်ပါက အိပ်ရေးဝဝအိပ်ဖို ့လိုပြီး ည ၁၀ ဆိုတာနဲ ့အိပ်သင့်ကြောင်းဆိုပါတယ်။ ညနေ ၆ နာရီကျော်လျှင်

အစာမစားသင့်တော့ဘဲ ဝိတ်ကျကိုကျရမယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်မျိုးထားသင့်ကြောင်း အကြံပေးထားပါတယ်။

အစားအသောက်နဲ ့ပတ်သက်ပြီးတော့ ပိုပိုက ဝက်သား အမဲသားမစားဘဲ ဆီဆိုရင် သံလွင်ဆီ နှမ်းဆီကိုသာ စားသုံးပါတယ်။ အဓိက စားဖြစ်တာက ခရမ်းချဉ်သီး ရုံးပဒေသီး သခွားသီး ပူစီနံနဲ ့ငရုတ်သီးတို ့ဖြစ်ပြီး အချိုကိုတော့ မစားဘဲရှောင်ဖြစ်တယ်လို ့ပိုပိုက ဆိုပါတယ်။ Gas ပါတဲ့အချိုရည်တွေနဲ ့ကော်ဖီကို

ရှောင်ဖြစ်တဲ့ ပိုပိုက အခုလို ပိန်လာတဲ့အတွက် လှလာတယ်လို ့ခံစားမိပြီး အရင်ကထက်ယုံကြည်မှုရှိကြောင်းပြောပြသွားခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ပိုပိုရဲ ့နည်းလမ်းကောင်းလေးတွေကို သိပြီမို ့စနစ်တကျနဲ ့ဝိတ်လျှော့ဖို ့ကြိုးစားနိုင်ပါတယ်နော်…

Source:myanmarcuties

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။