သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်အားပေးမှုများစွာနဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ သင်ဇာဝင့်ကျော်က အထူးသဖြင့် ယောက်ျားပရိသတ်တွေရဲ့အမာခံအားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သင်ဇာက ပွဲအခမ်းအနားတော်တော်များများကို တက်ရောက်ဖို့ ဖိတ်ကြားခံနေရသူလည်း ဖြစ်ပါတယ်။

Photo Credit- Amazing Grace
Photo Credit- Thin Zar Wint Kyaw's FB
Photo Credit- Thin Zar Wint Kyaw's FB

အခုလည်း သင်ဇာဝင့်ကျော်က " Inya Lake Hotel " မှာရှိတဲ့ " Sport Bar " မှာကျင်းပပြုလုပ်ခဲ့တဲ့ Halloween Party ပွဲလေးကို တက်ရောက်ခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ သင်ဇာက သူမနဲ့အရမ်းခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းဖြစ်သူ အဆိုတော်ရေမွန်နဲ့ ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ သူငယ်ချင်းနှစ်ယောက် အတူတူဆုံတွေ့တုန်းမှာတော့ ရေမွန်နဲ့ သင်ဇာဝင့်ကျော်တို့က အမှတ်တရပုံရိပ်လေးတွေ ရိုက်ကူးဖြစ်ခဲ့ကြပါတယ်။

Photo Credit- Wai Mon Oo's FB
Photo Credit- Wai Mon Oo's FB
Photo Credit- Thin Zar Wint Kyaw's FB

ဒီနေ့မနက်မှာပဲ သင်ဇာဝင့်ကျော်က " Long time no see friend... glad to see u bk " ဆိုပြီး ရေမွန်နဲ့အမှတ်တရ ပုံလေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။ ဆင်တူပို့စ်လေးတွေပေးရင်း ဓာတ်ဖမ်းခဲ့ကြတဲ့ သင်ဇာတို့သူငယ်ချင်းနှစ်ယောက်ကတော့ အရမ်းကိုပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော် ရေမွန်နဲ့ မင်းသမီးချော သင်ဇာဝင့်ကျော်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Wai Mon Oo's FB & Thin Zar Wint Kyaw's FB  

Photo Credit- Wai Mon Oo's FB
Photo Credit- Thin Zar Wint Kyaw's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။