ပရိသတ်ကြီးရေ မြန်မာပြည်ရဲ့အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ နှစ်တွေအများကြီးမကြာသေးပေမယ့် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတဲ့ ဒါရိုက်တာခရစ္စတီးနားခီနဲ့ မင်းသားချောဇာဏ်ခီတို့ ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် အနုပညာကိုရူးသွပ်ကြသူတွေဖြစ်လို့ ပိုမိုကောင်းမွန်တဲ့ အနုပညာတွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားဖန်တီးကြသူတွေဖြစ်ပါတယ်နော်။

Photo Credit:Zenn Kyi's Facebook
Photo Credit:Zenn Kyi's Facebook
Photo Credit:Zenn Kyi's Facebook

ခရစ္စတီးနားခီနဲ့ဇာဏ်ခီတို့နှစ်ယောက်လုံးက ဘက်စုံတော်တဲ့အနုပညာရှင်တွေဖြစ်ပြီး ပြည်ပမှာလည်း အနုပညာနဲ့ပက်သက်တဲ့ပညာရပ်တွေကိုလေ့လာဆည်းပူးခဲ့ကြပါတယ်။အခုချိန်မှာဆိုရင်တော့ ပရိသတ်တွေက ခရစ္စတီးနားခီတို့အဖွဲ့ကို အရမ်းတော်တဲ့အနုပညာရှင်တွေလို့ အသိအမှတ်ပြုပြီး ချီးကျူးကြတာပါနော်။ခရစ္စတီးနားခီကတော့ အနုပညာအလုပ်ကိုလည်းကြိုးစားသလို မိသားစုအတွက်လည်းမလစ်ဟင်းအောင် အချိန်ပေးပြီး ဂရုစိုက်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit:Zenn Kyi's Facebook
Photo Credit:Zenn Kyi's Facebook
Photo Credit:Zenn Kyi's Facebook

အခုဆိုရင်လည်း ခရစ္စတီးနားခီက အိမ်ထောင်ဦးစီးကြီး ချစ်ခင်ပွန်းဇာဏ်ခီစားဖို့အတွက် မုန့်ဟင်းခါးကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်နေတာဖြစ်ပါတယ်။ချစ်ဇနီးလေး မုန့်ဟင်းခါးချက်နေတာကို ဇာဏ်ခီက ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားပြီး "မနက်ဖြန်ရုပ်ရှင်ပြပြီဆိုတော့ ကြောက်ကြောက်နဲ့ အိမ်ဦးနတ်အတွက် မုန့်ဟင်းခါးတွေချက်နေလေရဲ့" ဆိုကာ ခရစ္စတီးနားခီရဲ့ အိမ်နေရင်းသဘဝအလှလေးနဲ့ မုန့်ဟင်းခါးချက်နေတဲ့ ပုံရိပ်လေးကို မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Zenn Kyi's Facebook
Photo Credit:Zenn Kyi's Facebook
Photo Credit:Zenn Kyi's Facebook

Photo Credit:Zenn Kyi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။