မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ ပူးပေါင်းကျင်းပသည့် MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲမှာတတိယနေရာလုပွဲအဖြစ် မောင်တောအသင်းနှင့် သံတွဲ(အေ)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မောင်တော အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

photo credit : MFF's facebook
photo credit : MFF's facebook

ဗိုလ်လုပွဲအဖြစ် ကျောက်ဖြူ(အေ)အသင်းနှင့် ရသေ့တောင် အသင်းတို့ပွဲတွင် ပွဲချိန်အတွင်း တစ်ဂိုးစီ သရေကျခဲ့သည့်အတွက် အချိန်ပိုဆက်လက်ကစားခဲ့ပြီး အချိန်ပို တွင်လည်း ဆက်လက် သရေကျခဲ့သည့်အတွက် ပင်နယ်တီအဆုံးအဖြတ်ကစားခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်တွင် လက်ရှိချန်ပီယံ ရသေ့တောင် အသင်းက လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး လက်ရှိချန်ပီယံဆု ကာကွယ်ခဲ့ပါတယ်။

photo credit : MFF's facebook
photo credit : MFF's facebook

ပြိုင်ပွဲတွင် တတိယဆုကို မောင်တောအသင်းဟာ ဆုကြေးငွေကျပ် သုံးသိန်းရရှိခဲ့ပါတယ်။ဒုတိယဆုကို ကျော်ဖြူ(အေ) အသင်းမှ ရရှိခဲ့ပြီး ဆုငွေကျပ် ငါးသိန်း ရရှိခဲ့ပါတယ်။ ပြိုင်ပွဲတွင် ပထမဆုကို ရသေ့တောင်အသင်းမှ ရရှိခဲ့ပြီး ချန်ပီယံဖြစ်ခဲ့သည့် ရသေ့တောင်အသင်းအတွက် ဆုငွေကျပ် ၁၀ သိန်း ရရှိခဲ့ပါတယ်။

source: MFF's facebook 

photo credit : MFF's facebook
photo credit : MFF's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။