မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်ရုံသာမကပဲ အနုပညာအလုပ်တွေပါ လုပ်ကိုင်နေသူကတော့ ညီညီမောင်(စမ်းချောင်း)ပါ။ သူမရဲ့ မိတ်ကပ်ဖန်တီးမှုတွေဟာလည်း အနုပညာရှင်တွေကြားမှာ နာမည်ကြီး အောင်မြင်ကျော်ကြားနေတာပါ။ သူမဟာ မကြာခင်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကိုလက်ခံရိုက်ကူးတော့မှာပါ။  

Photo Credit - Nyi Nyi Maung's Facebook
Photo Credit - Nyi Nyi Maung's Facebook
Photo Credit - Nyi Nyi Maung's Facebook

သုသုဟာ လတ်တလောမှာ Music Video များတွင် ပါဝင်သရုပ်ဆောင်နေတာပါ။ မကြာသေးခင်ကလည်း သူငယ်ချင်းဖြစ်သူ လင်းလင်းနဲ့အတူ ဗုဒ္ဓဂါယာကို သွားရောက်ခဲ့တာပါ။ သုသုကိုတော့ ပရိသတ်တွေရဲ့လက်ခံအားပေးမှုတွေကြောင့်သူမရဲ့ Tik Tok ဗီဒီယိုလေးတွေကိုလည်း မကြာခဏဆိုသလို တင်ပေးလေ့ရှိတာပါ။ ဒါ့အပြင် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှလေ့ရှိတာပါ။  

Photo Credit - Nyi Nyi Maung's Facebook
Photo Credit - Nyi Nyi Maung's Facebook
Photo Credit - Nyi Nyi Maung's Facebook

အခုတစ်ခါမှာလည်း ရိုက်ကွင်းနောက်ကွယ်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကိုတင်ထားတာပါ။ သူမဟာ အဆိုတော် မိစန္ဒီရဲ့ ဈေးဗန်းဆိုတဲ့ Music Video မှာ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီပုံရိပ်လေးတွေကတော့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေပါ။ ပရိသတ်တွေအတွက် သုသုရဲ့ ဗီဒီယိုနဲ့ ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Nyi Nyi Maung's Facebook

Photo Credit - Nyi Nyi Maung's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။