ပရိသတ်ကြီးရေ သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ဟာဆိုရင် ဟိုးအရင်ကတည်းက အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေအားပေးရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာရပါတယ်။ဥက္ကာမင်းမောင်ရဲ့ တောင့်တင်းခိုင်မာတဲ့ခန္ဓာကိုယ်နဲ့ အရပ်အမောင်းတွေကလည်း ပြီးပြည့်စုံတာကြောင့် မော်ဒယ်လ်တစ်ယောက်ရဲ့ လက္ခဏာရပ်တွေနဲ့ပြည့်စုံတာကို တွေ့ရပါတယ်နော်။

Photo Credit:Ye Htoo Win's Facebook
Photo Credit:Ye Htoo Win's Facebook
Photo Credit:Ye Htoo Win's Facebook

ဥက္ကာမင်းမောင်က အခုဆိုရင် ပြည်ပမှာနေထိုင်နေပြီး မြန်မာပြည်ကိုလည်း တစ်ခါတစ်လေပြန်လာကာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပါတယ်။ပရိသတ်တွေကတော့ ဥက္ကာမင်းမောင်ကို ယနေ့အချိန်ထိ တစိုက်မက်မက်အားပေးချစ်ခင်နေကြပြီး ဝန်းရံပေးနေကြတာဖြစ်ပါတယ်။ဥက္ကာမင်းမောင်ကလည်း အေးအေးဆေးဆေးနေတတ်ပြီး သဘောကောင်းဖော်ရွေသူဖြစ်လို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။

Photo Credit:Ye Htoo Win's Facebook
Photo Credit:Ye Htoo Win's Facebook
Photo Credit:Ye Htoo Win's Facebook

ဥက္ကာမင်းမောင်တို့ချစ်သူနှစ်ယောက်ကိုလည်း ပရိသတ်တွေကချစ်ကြပြီး အခုဆိုရင်တော့ ဥက္ကာမင်းမောင်က"မတွေ့တာကြာ သူ Day Off ၂ရက်ရလို့ ပြန်လာတွေ့တာ ကိုယ်ကစကားတွေပြောမကုန် သူကအိပ်ပျော်သွားပြီး...ကပ်ချွဲနေတာ ကလေးလေးလိုပဲ"ဆိုပြီး မတွေ့ရတဲ့ရက်တွေအတွက် ချစ်သူနှစ်ယောက်အတိုးချပြီး အလွမ်းသယ်နေကြတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Ye Htoo Win's Facebook
Photo Credit:Ye Htoo Win's Facebook
Photo Credit:Ye Htoo Win's Facebook

Photo Credit:Ye Htoo Win's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။