မင်းသားချော ညိမ်းသော်ကတော့ ရုပ်ရည်ချောမော ပြေပြစ်ပြီး တောင့်တောင့်ဖြောင့်ဖြောင့် Body အချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် ပျိုပျိုမေလေးတွေက အသည်းစွဲနေရတာ ဖြစ်ပါတယ်။ ယောက်ျားပီသပြီး အမိုက်စား ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ညိမ်းသော်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။
ညိမ်းသော်ကတော့ ဆယ်ကျော်သက်အရွယ် ပျိုမဒီလေးတွေကြားမှာ သည်းသည်းလှုပ်ရေပန်းစားနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ခန့်ညားချောမောတဲ့ စတိုင်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကို တဖြုတ်ဖြုတ်ကြွေအောင် ဖမ်းစားလွန်းနိုင်တဲ့ ညိမ်းသော်က အမာခံပရိသတ် အမြောက်အများကို ပိုင်ဆိုင်ရရှိထားပါတယ်။ ညိမ်းသော်ရဲ့ချစ်ပရိသတ်တွေကတော့ သူရဲ့လှုပ်ရှားမှုတိုင်းကို အမြဲစောင့်ကြည့်အားပေးနေတာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာတော့ ညိမ်းသော်က Photo Shooting လေးတွေရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း ဆက်တိုက်တက်ရောက်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလောမှာတော့ သူ့ကိုလွမ်းနေတဲ့ ပရိသတ်တွေတွက် ဖက်ရှင်အမိုက်စားနဲ့ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ညိမ်းသော်ကတော့ အမြဲလို အထာကျကျ အမိုက်စားလန်းနေတာကြောင့် ကောင်မလေးတွေအချစ်ပိုနေရတာလည်းဖြစ်ပါတယ်။ကဲ ချစ်ပရိသတ်ကြီးတွက် ညိမ်းသော်ရဲ့ ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။
Source: Nyein Thaw
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။