အနုပညာဘက်တွင် ဆယ်စုနှစ် နှစ်စုတိုင်အောင် အောင်မြင်ကျော်ကြားရုံမကပဲ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်သူကေတော့ သရုပ်ဆောင် နိုင်းနိုင်းပါ။ သူ့ရဲ့တည်ကြည်ခန့်ညားမှုတွေကြောင့်လည်း ယနေ့ထိတိုင် နှုတ်ခမ်းနီမလေးတွေက ကြွေနေရဆဲပါ။ ဒါ့အပြင် သူတို့ရဲ့ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ကြည့်ပြီး ပရိသတ်တွေကပါ အားကျနေရတာပါ။  

Photo Credit - စန္ဒီချို Facebook
Photo Credit - စန္ဒီချို Facebook
Photo Credit - စန္ဒီချို Facebook

မကြာသေးခင်ကလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ကမ္ဘာနှစ်ထပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသခဲ့တာပါ။ ဒီဇာတ်ကားကြီးဟာ မိသားစုတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာလေးကို ရိုက်ကူးထားတာပါ။ နိုင်းနိုင်းဟာ မိသားစုနဲ့ ခွဲခွာကာ မြန်မာနိုင်ငံတွင် အနုပညာအလုပ်တွေလုပ်ကိုင်နေတာပါ။ သားသမီးနဲ့ချစ်ဇနီးရှိရာ နယူးယောက်မြို့ကို မကြာခဏ သွားရောက်လည်ပတ်လေ့ရှိတာပါ။

Photo Credit - စန္ဒီချို Facebook
Photo Credit - စန္ဒီချို Facebook
Photo Credit - စန္ဒီချို Facebook

အခုတစ်ခါမှာလည်း နိုင်းနိုင်းရဲ့ဇနီးဖြစ်သူ စန္ဒီချိုရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပုံရိပ်လေးတစ်ပုံတင်ထားတာပါ။ ဒါကတော့ အဝေးမှာရှိနေသော်လည်း ချစ်ခင်ပွန်းရဲ့ချစ်စကားလုံးလေးတွေကြောင့် ကြည်နူးပီတိဖြစ်နေရတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - စန္ဒီချို Facebook

Photo Credit - စန္ဒီချို Facebook
Photo Credit - စန္ဒီချို Facebook
Photo Credit - စန္ဒီချို Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။