အဆိုတော်၊ သရုပ်ဆောင် မင်းသားချော ထွန်းထွန်းကတော့ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာ တကယ့်ကိုအရည်အချင်းရှိပြီး ထူးချွန်သူ ဖြစ်ပါတယ်။ တစ်ချိန်ကပရိသတ်တွေ သည်းသည်းလှုပ်အားပေးခဲ့ရတဲ့ ထွန်းထွန်းက အခုတော့ သရုပ်ဆောင်အလုပ်ကိုပိုမိုဦးစားပေး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အကယ်ဒမီဆုလည်းရရှိခဲ့ပြီဖြစ်တဲ့ ထွန်းထွန်းက လက်ရှိမှာ ဇာတ်လမ်းတွဲတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Photo Credit- Htin Aung Tun's FB
Photo Credit- Htin Aung Tun's FB
Photo Credit- Sam Dara's FB

ဒီရက်ပိုင်းမှာတော့ ထွန်းထွန်းက သူရဲ့ချစ်သူလေးနဲ့ပတ်သက်ပြီး Romantic ဆန်ဆန် စာသားလေးတွေနဲ့ ပုံလေးတွေကို မကြာခဏ တင်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ထွန်းထွန်းက နှစ်ယောက်သားကြည်နူးပျော်ရွှင်နေတဲ့ သူတို့စုံတွဲရဲ့ပုံလေးတွေကို မျှဝေထားပါတယ်။ ထွန်းထွန်းက " ကိုယ့်မိဘ၊ ကိုယ့်ချစ်သူ၊ ကိုယ့်ပရိသတ်တွေနဲ့ ကောင်းမှုကုသိုလ် အတူတူပြုရလို့ ဝမ်းသာပီတိအရမ်းဖြစ်မိတယ် " ဆိုပြီးလည်း ပြောထားပါတယ်။

Photo Credit- Htin Aung Tun's FB
Photo Credit- Htin Aung Tun's FB
Photo Credit- Htin Aung Tun's FB

အခုလည်း ထွန်းထွန်းက " သူမရဲ့အပြုံးလေးကိုအမြဲတမ်းမြင်ချင်တယ် ချစ်တယ် ချစ်သူလေးရေ အနားနားမှာ အတူရှိနေချိန်တွေတိုင်း သူမပျော်ရွှင်အောင် ဂရုစိုက်သလို အလုပ်ကိစ္စတွေကြောင့် အတူမရှိရတဲ့ ခဏတွေမှာလည်း အရာရာ အဆင်ပြေအောင် ဆုတောင်းပေးနေပါတယ် " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထွန်းထွန်းတို့ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Htin Aung Tun's FB 

Photo Credit- Htin Aung Tun's FB
Photo Credit- Htin Aung Tun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။