ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီစိုးပြည့်သဇင်ဟာဆိုရင် အနုပညာမျိုးရိုးကနေ ဆင်းသက်လာတဲ့သူလေးဖြစ်လို့ သူမရဲ့အနုပညာအရည်အသွေးတွေကလည်း မညံ့ပါဘူးနော်။စိုးပြည့်လေးက ချစ်မကြီး စိုးမြတ်သူဇာ စိုးမြတ်နန္ဒာတို့လိုပဲ အိုင်တင်အရမ်းကောင်းပြီး ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်လို့ အကယ်ဒမီဆုကြီးကိုလည်း ဆွတ်ခူးရရှိထားပါသေးတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

စိုးပြည့်က လက်တလောမှာတော့ "သုံးပန်လှကျိန်စာ"ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြည်မြို့ကိုသွားရောက်ပြီး ရိုက်ကူးရေးတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်ပြီး ဆရာသမားတွေရဲ့စကားကိုလည်းမြေဝယ်မကျနားထောင်တတ်သူဖြစ်လို့ စိုးပြည့်လေးရဲ့အောင်မြင်မှုတွေကလည်းဘယ်တော့မှမလျော့သွားဘဲ ပရိသတ်တွေရဲ့အချစ်ကိုပိုပိုပြီးရရှိလာတာဖြစ်ပါတယ်နော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

စိုးပြည့်ကတော့ ပြည်မြို့ကနေ ရန်ကုန်ကိုပြန်ရောက်လာတာမကြာသေးဘဲ အခုတစ်ခါမှာလည်း ဖေဖေ မေမေတို့နဲ့အတူ မြစ်ကြီးနားကို ခရီးဆက်သွားပြန်ပြီဖြစ်ပါတယ်နော်။အလုပ်ကိုလည်း ကြိုးစားဆောင်ရွက်သလို မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ စိုးပြည့်က ဖေဖေ မေမေတို့ကို သွားလေရာခေါ်သွာပြီး ပျော်ရွှင်နေကြတဲ့ မိသားစုသုံးယောက်ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook
Photo Credit:Soe Pyae Thazin's Facebook

Photo Credit:Soe Pyae Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။