အာရှဘောလုံးအဖွဲ့ချုပ် Social Responsibility Conference 2019 သို့ AFC ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက်ခဲ့ပါတယ်။ AFC Social Responsibility Conference 2019 အခမ်းအနားကို ယနေ့မနက်ပိုင်းက အာရှဘောလုံးအဖွဲ့ချုပ် ရုံးချုပ်တည်ရှိရာ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

ဦးဇော်ဇော်ဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ်လဲ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ကွန်ဖရင့်စတင်ရာတွင် AFC Social Responsibility Committee ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် အာရှ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အခမ်းအနား အစီအစဉ်များ စတင်ခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

ကွန်ဖရင့်သို့ အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဒါတိုဝင်ဆာဂျွန်နှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လက်အောက်ရှိ လူမှုရေး၊ ကျန်းမာရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာကြက်ခြေနီ အသင်း၊ ဖီဖာနှင့် အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံများ၊ ကော်မတီဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ 

source: MFF ' s facebook 

photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။