သရုပ်ဆောင် ဖြူဖြူထွေးလို့ဆိုလိုက်တာနဲ့ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ဟာသမင်းသမီးလေးဆိုတာ ပရိသတ်တွေအားလုံးက သိကြမယ်ထင်ပါတယ်။ သရုပ်ဆောင်ရတာကို ဝါသနာပါတဲ့ ဖြူဖြူထွေးက ကျောင်းကပွဲတွေမှာလည်း ပါဝင်ဖျော်ဖြေခဲ့သလို ပရိသတ်တွေအတွက်လည်း အပျော်တမ်းဗီဒီယိုလေးတွေရိုက်ပြီး တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ဟာသဗီဒီယိုလေးတွေကိုလည်း အားလုံးကနှစ်ခြိုက်အားပေးကြတာ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

တစ်နေ့တစ်ခြား အောင်မြင်မှုတွေ ပိုတိုးလို့ရရှိလာတဲ့ ဖြူဖြူထွေးက အခုချိန်အထိ မာနမကြီးဘဲ ဟန်ဆောင်မှုကင်းကင်းနဲ့ ပျော်ပျော်နေတတ်တာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက သူမရဲ့ပရိသတ်တွေအတွက်လည်း အခွီဗီဒီယိုလေးတွေကို အဆက်မပြတ်တင်ပေးနေသလို အခုလည်း ဗီဒီယိုအသစ်လေးတွေကို တင်ပေးထားပါတယ်။ ဒီတစ်ခါမှာတော့ ဖြူဖြူထွေးက လူရွှင်တော်တွေရဲ့ဟာသပြက်လုံးတွေနဲ့ Tik Tok ကစားခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

ဖြူဖြူထွေးက လူရွှင်တော်တွေရဲ့နာမည်ကြီးပြက်လုံးတွေနဲ့အတူ အိုက်တင်အမူအရာမျိုးစုံသရုပ်ဆောင်ပြီး အခွီပုံစံတွေလုပ်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းသလို ရယ်လည်းရယ်နေရတဲ့ ဖြူဖြူထွေးရဲ့အခွီတလိုင်း Tik Tok ဗီဒီယိုလေးတွေကိုတော့ ပရိသတ်တွေက သဘောကျကြမယ် ထင်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ဟာသဗီဒီယိုအသစ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe's FB 

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။