Esports Awards ဆုပေးပွဲကြီးကိုတော့ လာမယ့် နိုဝင်ဘာလ 16 ရက်နေ့မှာ American နိုင်ငံ Texas ပြည်နယ်မှာရှိတဲ့ Esports Stadium Arlington မှာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ဒီဆုပေးပွဲကြီးထဲက ဆုတစ်ဆုဖြစ်တဲ့

2019 ခုနှစ်အတွက် အကောင်းဆုံး Esports Team ကိုရွေးချယ်ဆုပေးမယ့် Esports Team Of The Year 2019 Finalists ဟာ ထွက်ပေါ်လာခဲ့ပါပြီ။

Finalists စာရင်းမှာ ပါဝင်တဲ့ Team တွေကတော့

Team Liquid

G2Esports

Eunited

OG

100 Thieves

Team Vitality

SF Shock

Vancouvertitans

ASralisgg

T1LoL

FPS Esports တို့ပဲဖြစ်ပါတယ်။

၎င်း Team တွေထဲက Winner ဆုရရှိမယ့် Team ကိုတော့ voting စနစ်နဲ့ရွေးချယ်သွားမှာပဲဖြစ်ပါတယ်။

Vote ပေးချင်တဲ့သူတွေအနေနဲ့ကတော့ www.esportsawards.com/provote/ မှာသွားရောက် votings ပေးနိုင်ပါတယ်။

Voting က လာမယ့် November 8 ရက်နေ့ပိတ်မှာဆိုတော့ မြန်မြန်လေးပေးလိုက်ကြဦးနော်။

photo credit - Esports Awards Twitter

source - Esports Awards Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။