photo credit -ESL

China region ရဲ့ အကောင်းဆုံး carry players တွေထဲက တစ်ယောက်ဖြစ်တဲ့ Eurus (Paparazi) ကတော့ 1996 ခုနှစ် 6 လပိုင်း 27 ရက်နေ့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့နာမည်အရင်းကတော့ Zhang Chengjun ပဲဖြစ်ပြီး သူ Dota 2 pro Scene ပေါ်ရောက်လာတာကတော့ 2015 ခုနှစ်ထဲကဖြစ်ပါတယ်။

ပထမဆုံးကစားခဲ့တဲ့ team ကတော့ Immortal Magneto Gaming ဖြစ်ပြီး 2015 ခုနှစ် 6 လပိုင်း 1 ရက်နေ့ကနေ 2015 ခုနှစ် 9 လပိုင်း 4 ရက်နေ့ထိကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Eurus ဟာ Team FanTuan ကိုရောက်ရှိခဲ့ပြီး 2016 ခုနှစ် 1လပိုင်း 20 ရက်နေ့အထိ ၎င်းအသင်းမှာကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Invictus Gaming ကိုရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာ 2 လလောက်ကစားခဲ့ပြီးနောက် 2016 ခုနှစ် 3 လပိုင်း 19 ရက်နေ့မှာ iG Vitality ကိုရောက်ရှိခဲ့ပါတယ်။

iG Vitality မှာ Eurus ဟာ 6 လလောက်ကစားပြီးတဲ့နောက် 2017 ခုနှစ် 9 လပိုင်း 6 ရက်နေ့မှာ Vici Gaming ကိုရောက်ရှိလာခဲ့ပြီး ယနေ့ထက်ထိ Vici Gaming မှာကစားနေဆဲပဲဖြစ်ပါတယ်။

Eurus Vici Gaming အတူရရှိထားတဲ့ အောင်မြင်မှုတွေကတော့ .

Dota2 Professianal League Season5

StarLadder ImbaTV Dota2 Minor Season 1

DreamLeague Season 11

EPICENTER MAJOR 2019 တို့မှာ 1ST PLACE

ESL One Katowice 2018 မှာ 2nd place

MDL Changsha Major 2018 မှာ 3rd place

The International 2018 မှာ 9-12th place

The International 2019 မှာ 5-6th place တို့ရရှိထားပါတယ်။

Eurus ရဲ့ signature hero တွေကတော့ Lifestealer , Seven နဲ့ Slark တို့ဖြစ်ပြီး သူ့ရဲ့ကစားသမားဘ၀ total earnings ကတော့ $876,519 ပဲဖြစ်ပါတယ်။

Source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။