ချစ်စရာကောင်းတဲ့ သားလေးတွေအတွက် ရတနာခင်ရဲ့ ဆုံးမစကား

သားတို့ရေ .....

ငါ့သား​လေး အိမ်​​ထောင်​ပြုတဲ့အခါ မိန်​းမ​ရှေ့မှာ မားမားမတ်​မတ်​ ရပ်​တည်​​ပေးနိုင်​တဲ့​

ယောကျ်​ားဖြစ်​ပါ​စေ ငါ့သား.....

မိန်​းမအရိပ်​မခိုပါနဲ့ မိန်​းမ အကူအညီမယူပါနဲ့ အထင်​​သေးခံရမယ်​ငါ့သား....

​မောင်​တစ်​ထမ်​း မယ်​တစ်​ရွက်​ဆိုတဲ့စကားရှိ​ပေမဲ့တတ်​နိုင်​ရင်​​တော့ ကိုယ်​ချစ်​ရတဲ့ဇနီးသည်​ရဲ့ပခုံး​ပေါ် ဝန်​ထုတ်​ဝန်​ပိုးကြီး မတင်​​ပေးပါနဲ့

တတ်​နိုင်​ရင်​​လေ ငါ့သားပဲထမ်​းပြီး သားပဲရွက်​လိုက်​ပါ

အိမ်​​ထောင်​့တာဝန်​ သားသမီးတာဝန်​နဲ့ပိ​နေတဲ့သူ့ခမျာ မယ်​တစ်​ရွက်​​လေး​တောင်​ မရွက်​နိုင်​တဲ့အ​ခြေအ​နေဆို ငါ့သားက ​သေချာ​ပေါက်​ကူရွက်​​ပေးလိုက်​ပါ

စကားကို ဆိုခဲ​စေမြဲ​စေထုံးနှလုံးမူပါ ငါ့သား​လေး ကတိမတည်​ စကားလက်​လွတ်​စပါယ်​​ပြောတတ်​တဲ့​ယောကျ်​ားကို မိန်​းမက မ​လေးစားဘူး ငါ့သား...

အ​မေကိုချစ်​တဲ့သားဟာ မယားမချစ်​ဘူးဆိုတာမျိုးမဖြစ်​​ပါစေနဲ့ငါ့သား

အ​မေနဲ့မိသားစုကိုလဲချစ်​ပါ မိခင်​မျိုးနွယ်​ဝင်​ဇနီးသည်​ကိုလဲချစ်​ပါ....

အ​မေ့အတွက်​သား​ကောင်​း အစ်​မညီမအတွက်​ ​မောင်​​ကောင်​း၊ အစ်​ကို​ကောင်​းဖြစ်​​ပေမဲ့ ဇနီးသည်​ကို

မ​ကောင်​းဘူး ဆိုတာမျိုး မဖြစ်​​စေနဲ့ကွဲ ့

မိသားစုကိုချစ်​သလို ဇနီးသည်​ကိုချစ်​​ပေးပါ.....

မိဘအိမ်​ ​မောင်​နှမအိမ်​ ဇနီးသည်​ မသိပဲမသွားနဲ့ငါ့သား

သူတို့မိသားစု​တွေ ငါ့ကွယ်​ရာ ငါ့​ယောကျ်​ားကိုဘာ​သွေးထိုး​နေပါလိမ်​့လို့ သူ့ဖက်​ကအမြင်​မျိုးဖြစ်​​စေတတ်​လို့ တတ်​နိုင်​ရင်​ ငါ့သားမိသားစုဆီသွားရင်​ ဇနီးကို​ခေါ်သွားကွဲ့

မလိုက်​တာ​တော့သူ့အပိုင်​း​ပေါ့ ​ခေါ်ပါရဲ့နဲ့မလိုက်​ပဲ စကားနာထိုးတာ ​သွေးထိုးတာလဲလက်​မခံနဲ့ငါ့သား

မိသားစုနဲ့ဇနီးသည်​ကြား သမာသမတ်​ကျကျ မျှမျှတတဖြစ်​ပါ​စေ...

ငါ့လုပ်​စာပဲ ငါ့မိဘ ​မောင်​နှမ ​ပေးတာ မိန်​းမ​ပြောစရာမလိုဘူး မထင်​နဲ့ငါ့သား အမှားကြီးမှားမယ်​

အ​မေက​မွေး အ​မေပြုစုယုယ​ပေး​ပေမဲ့ အိမ်​​ထောင်​ကျရင်​အ​မေ မပိုင်​ဘူးငါ့သား​လေးရဲ့....

မိန်​းမ မသိ​အောင်​ခိုး​ပေးခြင်​းဟာ အ​မေ့သိက္ခာထိခိုက်​သလို ​ချွေးမ အ​နေနဲ့ကြည်​့ရင်​ သူ့မာနထိခိုက်​​စေတယ်​ ငါ့သား​လေးရဲ့..

မိန်​းမ​ရေ ဒီ​လောက်​ ဒီမျှ​တော့ မိဘ​တွေကန်​​တော့ရ​အောင်​ကွာ ငါမ​ပေးဘူး မင်​းလက်​နဲ့​ပေးလို့​ပြောတဲ့အခါ

​ယောက္ခမအ​ပေါ် သိတတ်​တဲ့​ချွေးမအဖြစ်​သူဂုဏ်​တတ်​ရလို့ ကြည်​ဖြူ​ကျေနပ်​မှာပါ.....

လျို့ဝှက်​အပ်​ရာ အရာရာကို အစ်​ကိုညီသား မိဘကိုထား

မယား​သော်​မှမ​ပြောရ ဆို​ပေမဲ အရာရာအတိုင်​းလျိှ ု့ဝှက်​စရာ မလိုဘူးငါ့သား

ဇနီးသည်​ကို အ​လေးထားပါ တိုင်​ပင်​ပါ ဇနီးသည်​ရဲ့ဂုဏ်​ကို မြှင်​့တင်​​ပေးပါ ငါ့သား....

........

ငါ့သားများအိမ်​​ထောင်​ပြုခဲ့ရင်​​လေ........ အ​မေမှာချင်​တာ​တွေအများကြီးပါသားကြီး​ရေ ဒီ​နေ့​တော့ ဒီမျှသာ

မူရင်းရေးသားသူ မမ Yadanar Soeဆိုပြီး သားလေးတွေအတွက် ဒီလိုစာကောင်းလေးတွေကို ပြန်လည်ဝေမျှထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။