ပရိသတ်ကြီးရေ..... ဒီတစ်ပါတ်မှာတော့ ဆန်းဆန်းပြားပြား မွေးမြူရေးခြံများထဲမှ တစ်ခုအပါအဝင်ဖြစ်တဲ့ "Swansea Biopharm Leech Farm" (ဆွမ်ဆီး မျှော့ခြံ) အကြောင်း ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ အိမ်မွေးတိရိစ္ဆာန်များကို ခိုင်းစေရန်၊ စားသောက်ရန်၊ နို့ညှစ်ရန်၊ အလှအပအဖြစ် ထားရှိရန်.......အစရှိသဖြင့် မိမိတို့ဝါသနာပါရာ၊ အားသန်ရာကိုလိုက်ပြီး ရည်ရွယ်ချက်မျိုးစုံဖြင့် မွေးမြူထားကြသည်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလိုပဲဖြစ်ပါတယ်...။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီ အမြဲupdate ဖြစ်အောင် ဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload pageကို like and see first လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်...။

photo credit pngtree

သိပ္ပံဓာတ်ခွဲခန်းများတွင် စမ်းသပ်မှုများပြုလုပ်ရန် ကြွက်၊ ယုန်၊ မျောက်အစရှိတဲ့ တိရိစ္ဆာန်များ မွေးမြူထားကြသည်ကို အားလုံးပဲတွေ့ဖူး၊ မြင်ဖူးကြမှာဖြစ်ပါတယ်..။ ဒါ့အပြင် မြွေ၊ မြင်းအစရှိတဲ့ သတ္တဝါများကိုလည်း ဆေးဝါး စက်ရုံများမှာ၊ ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုရန် မွေးမြူထားလေ့ရှိကြတာဖြစ်ပါတယ်...။ ထိုကဲ့သို့ ဓာတ်ခွဲခန်းများနှင့် ဆေးဝါးလုပ်ငန်းများအပြင် အခြားသော မယုံနိုင်ဖွယ်ရာ မွေးမြူရေး ခြံများသည် ယနေ့ကမ္ဘာပေါ်တွင် အမှန်တစ်ကယ်ပင် ရှိနေကြသည်ဖြစ်ရာ "ဆွမ်ဆီးမျှော့ခြံ"အကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။

photo credit pngtree

ခေတ်မီ ဆေးပညာရပ်များ တိုးတက်လာချိန်တွင် မျှော့ရောင်းဝယ် ကုန်သွယ်မှု လုပ်ငန်းသည် မရှိနိုင်တော့ဟု ထင်မြင် ဖွယ်ဖြစ်သော်လည်း ဝေလနယ်မှ မျှော့မွေးမြူရေး ခြံတစ်ခုကြောင့် ဆေးပညာရပ်ဆိုင်ရာ လုပ်ငန်းများတွင် မျှော့ရောင်းဝယ်ရေး လုပ်ငန်းများ တကျော့ပြန် ခေတ်ထလာသည်ကို တွေ့မြင် လက်ခံကြရမှာဖြစ်ပါတယ်...။ ယင်းမျှော့ခြံသည် တစ်နှစ်လျှင် မျှော့ရောင်းချသည့် လုပ်ငန်းမှ ဝင်ငွေ ပေါင်တစ်သန်းခန့် ရရှိပါတယ်...။ ဥရောပတိုက်ရှိ နိုင်ငံအသီးသီးမှ ဆေးရုံများသို့ နှစ်စဉ် မျှော့ကောင်ရေ ခြောက်သောင်းကျော် တင်ပို့ပေးနေရတာဖြစ်ပါတယ်...။ ဇီ၀ ဆေးဝါး လုပ်ငန်းတစ်ခုက ဆွမ်ဆီး မျှော့မွေးမြူရေး လုပ်ငန်းကို ပထမဦးဆုံး ထူထောင်ခဲ့ပါတယ်...။ သို့သော်လည်း မျှော့ များမွေးမြူသည့်နေရာကို မျှော့ခြံဟု မသုံးစွဲဘဲ ပိုးသတ်ထားသော ဆေးပညာဓာတ်ခွဲခန်းဟုသာ ခေါ်ဆိုခဲ့ပါတယ်...။ ယင်းမျှော့ခြံသည် အဆင့်မြင့် နည်းပညာရပ်များကို အသုံးပြုကာ မျှော့များကို မွေးမြူ ထုတ်လုပ်လျက်ရှိပြီး ထိုမျှော့များကို လူသားများအတွက် အသုံး ပြုခြင်း မဟုတ်ဘဲ တိရိစ္ဆာန် ဆေးဘက်ပညာ လုပ်ငန်းများအတွက်သာ အဓိက အသုံးပြုသည်ဟု ဆိုပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။