ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ လူတိုင်းမျက်ရည်ဝဲသွားလောက်အောင် လေးစားအားကျတဲ့ ဖြစ်ရပ်လေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ သားဖြစ်သူရဲ့ ကျောင်းမှာကျင်းပတဲ့ "Donut with dad" ဆိုတဲ့ ပွဲလေးမှာ သားဖြစ်သူမျက်နှာမငယ်ဖို့အတွက် ယောကျာ်းပုံစံဝတ်ဆင်ပြီး အဖေတစ်ယောက်အနေနဲ့ တက်ရောက်ပေးခဲ့တဲ့ သတင်းလေးကတော့ လူတိုင်းကို အံ့သြမှင်တက်သွားစေခဲ့ရပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

အကြောင်းကတော့ "Donut with dad" ဆိုတဲ့ပွဲလေးမှာ ကျောင်းသားတွေနဲ့အတူ သူတို့ရဲ့ဖခင်တွေ ဒိုးနပ်မုန့်အတူ စားတဲ့ ပွဲလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖခင်နဲ့ကွဲကွာနေတဲ့ ထိုကလေးလေးဟာ အစောပိုင်းမှာ စိတ်ဓာတ်ကျနေခဲ့ပေမယ့်လည်း သူ့ရဲ့မိခင်ဖြစ်သူက မယုံနိုင်စရာ တစ်ခုကိုလုပ်ပြသွားခဲ့ပါတယ်။ သူမဟာ ယောကျာ်းလေးတစ်ယောက်လို ဝတ်စားဆင်ယင်ပြီး ဒီပွဲကို သားဖြစ်သူနဲ့အတူ ဆင်နွှဲခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Pngtree

သူမရဲ့ အခုလို ထင်မှတ်မထားတဲ့လုပ်ရပ်ကလေးကြောင့် သားဖြစ်သူဟာ အတော်လေးကို ပျော်ရွှင်သွားခဲ့ရပြီး ထိုပွဲလေးကို သားအမိနှစ်ယောက်လုံးပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားခဲ့ပါတယ်။ သူမတို့သားအမိနှစ်ယောက်ရဲ့ သတင်းလေးဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး မိခ်င်မေတ္တာပြည့်ဝတဲ့ သူမရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။ ဒါ့ကြောင့် အခုလို သားသမီးတွေအပေါ် အမြဲအနွံတာခံပေးနေတဲ့ မိဘတွေရဲ့ ကျေးဇူးဟာ ဆပ်လို့မကုန်နိုင်လောက်အောင်ကြီးမားတာမို့ ပရိသတ်ကြီးလည်း မိဘကိုသိတတ်နားလည်ပေးတဲ့ သားသမီးတွေ ဖြစ်ပါစေနော်....

Photo Credit : Once A Glance Page

Source : Once A Glance Page

Photo Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။