ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ ဝါရင့်ဇာတ်ပို့သရုပ်ဆောင် ဇင်မျိုးကလည်း အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက အောင်မြင်နေသူပဲ ဖြစ်ပါတယ်..။

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ဇင်မျိုးကတော့ ဖခင်ဖြစ်သူ ကွယ်လွန်သွားလို့ စိတ်မကောင်းဖြစ်နေပြီး ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ အကြောင်းလေးကိုလည်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကို အသိပေးပြောပြထားပါတယ်နော်..။


Photo Credit - Zin Myo’s Facebook
Photo Credit - Zin Myo’s Facebook

သရုပ်ဆောင်ဇင်မျိုးရဲ့ ဖခင်ကွယ်လွန်ဆုံးပါးသွားတဲ့ စိတ်မကောင်းစရာသတင်းလေးကိုကြားပြီး အနုပညာရှင်မိတ်ဆွေတွေနဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းတဲ့ အကြောင်းလေေးတွနဲ့အတူ အားပေးစကားလေးတွေလည်း ပြောထားကြပါတယ်..။

ဇင်မျိုးရဲ့ ဖခင် ဦးခင်ထွေးဟာ အောက်တိုဘာ(၂၉)ရက်နေ့ နေ့လည်(၁း၃၇)မိနစ်အချိန်မှာ ဆုံးပါးကွယ်လွန်သွားတာဖြစ်ပြီး အောက်တိုဘာ(၃၁)ရက်နေ့မှာတော့ ဈာပနအခမ်းအနားလေးကို ရေဝေးသုဿန်မှာ နေ့လည်(၁၂)နာရီမှာ မီးသင်းသဂြိုလ်သွားမှာ ဖြစ်ပါတယ်..။


Photo Credit - Zin Myo’s Facebook

ဖခင်ဖြစ်သူရဲ့ နာရေးဈာပနာအခမ်းအနားလေးကို လိုက်ပါပို့ဆောင်မယ့် မိတ်ဆွေသူငယ်ချင်းတွေကိုလည်း နေအိမ်ကနေ ကားများ (၁၀)နာရီမှာ ထွက်ခွာမှာဖြစ်တဲ့ အကြောင်းလေးနဲ့အတူ ဖိတ်ကြားထားပါသေးတယ်..။

“ဖေဖေဦးခင်ထွေး(74)နှစ် ယနေ့(1:37pm) အချိန်တွင်ကွယ်လွန်သွားပါသည်။

ကြာသာပတေး (31)ရက်နေ့ နေ့လည်12နာရီ ရေဝေး မှာမီးသင်းဂြိုလ်မည်ဖြစ်ပါသည်.။လိုက်ပါပို့ဆောင်မည့်သူများ

အမှတ် 33 . 147လမ်း သီတာလမ်းကားမှတ်တိုင် ဘေးလမ်း အရိုးကုန်းရပ်ကွက် တာမွေမြို့နယ်နေအိမ်မှ ကားများ10:00အချိန် စတင်ထွက်ခွာပါမည်ခင်ဗျား..” ဆိုပြီး ဇင်မျိုးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Zin Myo’s Facebook

Photo Credit - Zin Myo’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။