တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားအတွင်းပိုင်းရှိ Ordos မြို့ကို တရုတ်နိုင်ငံ၏ အကြီးဆုံး တစ္ဆေမြို့တော်ဟု ခေါ်ကြပါတယ်။ ဒီမြို့ကို လူဦးရေ တစ်သန်းနေထိုင်ရန် တည် ထောင်ခဲ့သော်လည်း နှစ်ရာခိုင်နှုန်းသာ အမှန်တကယ်နေထိုင်ခဲ့ကြသဖြင့် ကျန်ရှိနေသော နေရာများသည် နေထိုင်မည့်သူမရှိဘဲ ယိုယွင်းပျက်စီးခဲ့ပါတယ်။ ထိုမြို့ကို မွန်ဂိုလီးယား တွင် ကျောက်မီးသွေးရှာဖွေမှု ထွန်းကားခဲ့သည့် လွန်ခဲ့သော နှစ် ၂၀ က တည်ထောင်ခဲ့ပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

ကျောက်မီးသွေး လုပ်ငန်းရင်းနှီးမြှုပ်နှံသူများသည် လူနေတိုက်ခန်း အများအပြားကို အငှားချထားရန် ရည်ရွယ်၍ ဆောက်လုပ်ခဲ့ကြပေမယ့်လည်း နေထိုင်မည့်သူဦးရေသည် တည်ဆောက်မည့် အခန်းအရေအတွက်လောက် မများခဲ့သဖြင့် တည်ဆောက်ရေး လုပ် ငန်းများရပ်ဆိုင်းခဲ့ကာ အချို့က မပြီးဆုံးသေးသည့် အဆောက်အအုံများကို စွန့်ပစ်ခဲ့ကြပါတယ်။ ယခုအချိန်တွင် Ordos မြို့၏ လမ်းများသည် အပြီးမသတ်သည့် အိမ်များဖြင့် ပြည့်နေကာ ပြီးဆုံးထားသည့် အိမ်များသည်လည်း တန်ဘိုးကြီးမြင့်လွန်းသဖြင့် နေထိုင်မည့် သူများမရှိကြပါဘူး။

Photo Credit : Pngtree
Photo Credit : Pngtree

ယခင်က နေထိုင်ခဲ့သူများသည်လည်း မြို့ကို စွန့်ခွာခဲ့ကြပြီး ငါးနှစ်တာ အချိန်ကာလအတွင်း၌ Ordos မြို့ကို လူများလာရာက်နေထိုင်ကြစေရန် ဈေးနှုန်းများကို လျော့ချပေးခဲ့ရာ အခန်းဈေးနှုန်းသည် တစ်စတုရန်းပေလျှင် အမေရိကန် ဒေါ်လာ ၁၁၀၀ မှ ၄၇၀ သို့ ကျဆင်းခဲ့ပါတယ်။ Ordos မြို့တွင် လာရောက်အလုပ်လုပ်ကိုင်မည့်သူများကို ရုံးခန်းနေရာ၊ အင်တာနက်နှင့် အခြား ဝန်ဆောင်မှုများကို အခမဲ့ဖြည့် ဆည်းပေးလျက်ရှိနေပေပါသေးတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။