အမေရိကန်နိုင်ငံ၊ ကွန့်နက်တီကတ် ပြည်နယ် ကွန်းဝေါတွင်ရှိသော ဒဒ်လေမြို့သည် တစ္ဆေမြို့ဟု ခေါ်ရလောက် အောင် ခြောက်သွေ့နေသည့် မြို့ငယ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒဒ်လေမြို့ကို ၁၇၄၀ အလယ်နှစ်များလောက်က ရွာငယ်လေး တစ်ခုအဖြစ် တည်ထောင်ခဲ့ပြီး ၁၈ ရာစုတွင်လူနေမှု အသိုက်အဝန်းဖွံ့ဖြိုးလာခဲ့သည့်အပြင် ထူးဆန်းသောမြင်ကွင်းများ၊ရှင်းမပြနိုင်သော လူ သေမှုများ၊ အစုလိုက်အပြုံလိုက် မိမိကိုမိမိ သေကြောင်းကြံမှု များ မဖြစ်ပွားမီကာလအထိ လူအများ လာရောက် လည်ပတ် ကြသော ထင်ရှား သည့်မြို့လေး တစ်မြို့ဖြစ်လာခဲ့ပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

နောက်ပိုင်းမှာတော့ မကောင်း ဆိုးဝါးများက မိမိကိုမိမိ သတ်သေကြရန် ဖိအားပေးသည့် ဖြစ်ရပ် မျိုးအပါအဝင်ထိတ်လန့်ဖွယ်ကိစ္စဖြစ်ရပ်များကို မြို့ခံများ ကြုံ တွေ့လာကြရတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ သိုးများနှင့် တိရိစ္ဆာန် များအုပ်လိုက် ပျောက်ဆုံးသွား ခြင်း များသည် ဤမြို့လေးတွင် ထုံးစံ တစ်ခုလို ဖြစ်လာခဲ့ကာ ဒဒ်လေမြို့တွင် ကနဦး အစောပိုင်း အခြေချနေထိုင်ခဲ့သူများက သူတို့မြို့လေးကိုကျိန်စာသင့်နေသော မြို့ဟု ဆိုခဲ့ကြ ပါတယ်။ ။၂၀ ရာစုအလယ်ပိုင်းတွင်မူ မြို့နေ လူတိုင်းသည် ထွက်ပြေးလျှင်ပြေး ၊ မပြေးလျှင်သေကြရပေသည်။ယခုအချိန်တွင်မူ ဒဒ်လေမြို့သည် လွန်ခဲ့သော နှစ် ၂၅၀ ခန့်က သောမတ်စ်ဂရီဖီ ဆိုသူနေထိုင်ခဲ့စဉ်က အနေအထားအတိုင်းရှိနေပြီး မြို့ဟောင်း တစ်ခုအဖြစ်တည်ရှိနေပြီး ဒဒ်လေမှ ကျောက်သားမြေလွှာပြင်ပေါ်တွင် ထူထပ်သောတောအုပ်တစ်ခုကသီးခြားတည်ရှိ နေပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

ယင်းတောအုပ်ကို ဘေးလ်၊ သုဒ်ဘယ်ရီနှင့် ကလော့စ်ဖု ဟု အမည်ရှိသည့် တောင်သုံးလုံး တို့က အရိပ်မိုးပေးထား ကာ ထူထပ် ရှည်လျားသောသစ်ပင်များကြောင့် သစ်တောကိုအမှောင် လမ်းသစ်တောဟု အမည်ပေးထားကြကာ ကွန်နက်တီကတ်ပြည်နယ်တွင်ရှိသော်လည်း ပြည်နယ် သစ်တော ဧရီယာတွင်မပါဝင်ဘဲ မိုဟော့ခ် သစ်တောဝိုင်းအနီးမှ ပုဂ္ဂလိကပိုင် မြေတစ်ခု ပေါ်တွင်တည်ရှိလို့နေပါတယ်။ ဒါ့အပြင် ဒဒ်လေမြို့ပျက်နှင့်အမှောင် လမ်းသစ် တောဝန်းကျင် နေရာတွင်အလင်းရောင်တန်းများ၊ကြောက်မက်ဖွယ် အသံများ ကိုမြင်ရကြားရပြီး အခြားထူးဆန်းသော သစ်တောများကဲ့သို့ပင် အပင်များသည် ငြိမ်သက်နေမှုမရှိသည့်အပြင် တောတွင်း၌မည်သည့် သားရဲတိရိစ ္ဆန်မှလည်း မနေကြဘူးလို့လည်း သိရပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။