ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်ဖြူဖြူထွေးကတော့ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်နော်..။

အနုပညာလောကမှာ နေရာတစ်နေရာရရှိ အောင်မြင်နေသလို မိဘတွေနဲ့ လူကြီးသူမတွေကို သိတတ်ရိုသေပြီး မကြာခဏလှူဒါန်းမှုလေးတွေနဲ့ ဂါဝရပြုတတ်တဲ့ စိတ်ထားလေးကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပါနော်..။

Photo Credit - Phyu Phyu Htwe's Facebook
Photo Credit - Phyu Phyu Htwe's Facebook

ရိုးသားကြိုးစားပြီး ပွင့်လင်းစွာနေထိုင်တတ်တဲ့ ဖြူဖြူထွေးကတော့ အခုတစ်ခါမှာ ပရိသတ်အန်တီကြီးနဲ့အတူ အပီအပြင်ဒွန့်နေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေထားပါသေးတယ်..။

ကုလားသီချင်းလေးဖွင့်ပြီး အကဝါသနာပါတဲ့ ပရိသတ်အန်တီကြီးနဲ့အတူ အပြိုင်ဒွန့်နေကြတဲ့ ဖြူဖြူထွေးတို့ရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

Photo Credit - Phyu Phyu Htwe's Facebook
Photo Credit - Phyu Phyu Htwe's Facebook

အတူဒွန့်ပြီး ပရိသတ်အန်တီကြီးကိုလည်း ဆုငွေတွေချခဲ့ကြကာ ကကွက်ဆန်းတွေနဲ့ ပျော်ခဲ့ကြတဲ့ အမှတ်တရလေးကိုလည်း ဖြူဖြူထွေးလေးက ချစ်စဖွယ်လေး ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

"ကြော်ငြာရိုက်နေတုန်း ဝါသနာကိုထုပ်ပြသွားတာ ချစ်လိုက်တာ ဒေါ်ဒေါ်ရယ် သူပျော်နေတာ.." ဆိုပြီး နှစ်ယောက်အတူ ကနေကြတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မျှဝေထားတာပါ..။

Photo Credit - Phyu Phyu Htwe's Facebook
Photo Credit - Phyu Phyu Htwe's Facebook

Photo Credit - Phyu Phyu Htwe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။