ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ ကမ္ဘာ့အနက်ဆုံးတွင်းများဖြစ်ကြတဲ့ "Darvaza Gas Crater"၊ "Monticello Dam"၊ "Kimberley Diamond Mine" လို့အမည်ရကြတဲ့ နိုင်ငံအရပ်ရပ်က နာမည်ကျော် ကြောက်မယ်ဖွယ်တွင်းနက်များအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းစုံလင်ကို အမြဲ update ဖြစ်ရအောင် အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတာမလို့ စာဖတ်ပရိသတ်ကြီးတို့အနေနဲ့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ လိုပါလိမ့်မယ်...။

photo credit Once A Glance Page

"Darvaza Gas Crater" လို့အမည်ရတဲ့ တွင်းနက်ကြီးကတော့ တာ့ခ်မင်နစ္စတန်နိုင်ငံမှာ မတော်တဆမှုကြောင့် ဖြစ်ပျက်ခဲ့တဲ့ ကြောက်မက်ဖွယ် အရာကြီးပဲဖြစ်ပါတယ်...။ တာ့ခ်မင်နစ္စတန်နိုင်ငံကို တပ်ခ်မင်းနီးယားဟုလည်း ခေါ်ကြပြီး အာရှအလယ်ပိုင်းတွင် တည်ရှိသော တာ့ခ်နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်...။ တာ့ခ်မင်နစ္စတန်တည် လွတ်လပ်သော တာ့ခ်နိုင်ငံ ၆ နိုင်ငံထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်...။ ထိုလွတ်လပ်သော နိုင်ငံကြီးတွင် ၁၉၇၁ခုနှစ်က စတင်တွေ့ရှိခဲ့တဲ့ သဘာဝ ဓါတ်ငွေ့တူးဖော်မှုကိုပြုလုပ်ပြီး မတော်တဆ တွင်းပြိုကျရာမှ အဆိပ်ငွေ့ မသင့်စေရန် မီးရှို့ထားခဲ့ရာ ယနေ့အချိန်ထိ မီးလောင်ကျွမ်းလျက် ရှိပါတယ်...။

photo credit Once A Glance Page

"Monticello Dam Calfornia" ဆိုတဲ့ တွင်းနက်ကြီးကတော့ အမေရိကန် ကယ်လီဖိုးနီယားပြည် နယ်တွင်တည်ရှိပြီး တစ်စက္ကန့်ကို ရေကုဗပေ 48400 cubic feet စီးဝင်လျက်ရှိနေတာဖြစ်ပါတယ်...။ "Kimberley Diamond Mine" ဆိုတဲ့ တောင်အာဖရိကစိန်တူးဖော်ရာ တွင်းနက်ကြီးကတော့ ကမ္ဘာ့ အနက်ဆုံးတွင်းစာရင်း ဝင်ဖြစ်ပြီး အလုပ်သမား ၅ သောင်းဖြင့် စိန်များကိုတူးဖော်ခဲ့ကြရာ စိတ် 2722 Kg တူးဖေါ်ရရှိခဲ့တာဖြစ်ပါတယ်....။ တွင်းကြီး၏အနက်သည် 215 မီတာရှိပါတယ်...။

source Once A Glance Page

photo credit Once A Glance Page

photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။