ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်(ခ) Liam လေးဟာ တစ်နေ့ထက်တစ်နေ့ပိုပိုပြီးချစ်ဖို့ကောင်းလာပြီး သူ့ရဲ့လှုပ်ရှားမှုတွေတိုင်းဟာလည်း အသည်းယားစရာကောင်းနေတာပါ။ သားလေးဟာ နှစ်ဖက်အဖိုး၊အဖွားတွေရဲ့ အသည်းတုန်မတတ်ချစ်ခြင်းတွေကိုရရှိထားရုံသာမကပဲ သူ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း ဒုနဲ့ဒေးပါ။ ပရိသတ်တွေဟာ သားလေးရဲ့ လှုပ်ရှားမှုဗီဒီယိုတိုင်းကို အမြဲစောင့်ကြည့်အားပေးနေရတာပါ။ 

Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook

သားသားဟာ မကြာသေးခင်ကပဲ ဖိုးဖိုးလွင်မိုး၊ဖွားဖွားမေသူတို့နဲ့အတူ ကလောမြို့ကို အလည်အပတ်ရောက်ရှိခဲ့တာပါ။ ဒါ့အပြင် မကြာခင်မှာလည်း ဖေဖေ၊မေမေတို့အလည်အပတ်ပြန်လည်ရောက်ရှိတော့မှာဖြစ်တဲ့အတွက် ပျော်ရွှင်နေတာပါ။ လီလီလုံးလေးဟာ အမြဲတမ်းဆိုသလို တီတီယွန်းနဒီလွင်မိုးနဲ့အတူ ဆော့ကစားလေ့ရှိတာပါ။ 

Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook

တီတီကလည်း တူလေးကို အသည်းတုန်မတတ်ချစ်နေရတာပါ။ အခုတစ်ခါမှာလည်း တီတီယွန်းနဒီလွင်မိုးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတဲ့ ဗီဒီယိုလေးကို ဖွားဖွားမေသူရဲ့ Instagram လူမှုကွန်ယက်တွင် တင်ထားတာပါ။ ပရိသတ်တွေအတွက် လီလီလုံးလေးရဲ့ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Maythulay73 Instagram

Photo Credit- May Thu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။