သဉ္ဇာနွယ်ဝင်းကတော့ ချစ်စရာကောင်းတဲ့သားလေးနဲ့အတူ ပျော်ရွှင်စရာကောင်းလွန်းတဲ့ မိသားစုဘဝလေးတစ်ခုကို ရရှိထားတာ ဖြစ်ပါတယ်။ အပူအပင်ကင်းကင်းနဲ့ အေးချမ်းသာယာတဲ့ သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးက မကြာခင်မှာ ချစ်စရာသမီးလေးတစ်ယောက်ကို ထပ်မံပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းကတော့ မကြာခင်လပိုင်းအတွင်းမှာပဲ ဒုတိယမြောက်ရင်သွေးရတနာလေးကို မွေးဖွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

မေမေသဉ္ဇာနွယ်ဝင်းက နောက်ထပ်မွေးလာမယ့် သမီးလေးအတွက် အခုကတည်းက အစစအရာရာ သေသေချာချာပြင်ဆင်နေရပြီ ဖြစ်ပါတယ်။ အခုလည်း သမီးလေးအတွက်ပြင်ဆင်ပေးထားတဲ့ အိပ်ယာပေါ်ကို မရမကတက်ပြီးဆော့နေတဲ့ သားလေးကြောင့် မေမေသဉ္ဇာနွယ်ဝင်းတစ်ယောက် ပျော်ရွှင်ရယ်မောခဲ့ရပြန်ပါတယ်။ Peach လေးက သူ့ညီမလေးရဲ့အိပ်ယာပေါ်ကို တစ်ယောက်တည်းရအောင်တက်ပြီး ဝင်ဆော့နေတာပဲ ဖြစ်ပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

ဒါကြောင့် သဉ္ဇာနွယ်ဝင်းက " သူ့ညီမလေးကို တက်ဆော့မှာသေချာပြီ " ဆိုပြီး အဆော့သန်တဲ့သားလေးရဲ့ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ်။ ရယ်လည်းရယ်ရသလို ချစ်စရာလည်းကောင်းတဲ့ Peach လေးရဲ့အမူအရာလေးတွေကိုကြည့်ပြီး ပရိသတ်တွေတောင် အသည်းယားနေရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူ့ညီမလေးရဲ့အိပ်ယာပေါ်ကို တက်ဆော့နေတဲ့ Peach လေးရဲ့ချစ်စရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Thinzar Nwewin's FB 

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။