ကိုရီးယားမလေးလို အသားအရည်လေး ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်များကပါ အားကျချစ်ခင်နေရတာကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုံရွှေရည်ပါ။ သူမကိုတော့ အားလုံးက ချစ်စနိုးနဲ့ ရွှေကစ်လေးလို့ခေါ်ဆိုကြပြီး ပွင့်လင်းတဲ့စိတ်ထားလေးကြောင့် ချစ်မဝဖြစ်နေရတာပါ။ လတ်တလောမှာလည်း ကြော်ငြာများနဲ့ ပွဲအခမ်းအနားတွေ တက်ရောက်နေရတာပါ။

Photo Credit - Wutt Hmone Shwe Yi's Facebook Page
Photo Credit - Wutt Hmone Shwe Yi's Facebook Page
Photo Credit - Wutt Hmone Shwe Yi's Facebook Page

သူကတော့အနုပညာအလုပ်တွေကိုလည်းမပြတ်တမ်းကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာလည်းရိုက်ကူးနေရပြီးသူ့ရဲ့ပီပြင်တဲ့ကာရိုက်တာတွေကြောင့်နိုင်ငံခြားဒါရိုက်တာတွေကတောင်ချီးကျူးခဲ့ရတာပါ ။ သူမရဲ့ ကြိုးစားမှုတွေကြောင့်ပဲသူ့ရဲ့ဇာတ်ကားကြီးတိုင်းကပရိသတ်အားပေးမှုအပြည့်နဲ့အောင်မြင်ပြီးနိုင်ငံတစ်ကာအထိတောင်ပြသခံရတာပါ။ 

Photo Credit - Wutt Hmone Shwe Yi's Facebook Page
Photo Credit - Wutt Hmone Shwe Yi's Facebook Page
Photo Credit - Wutt Hmone Shwe Yi's Facebook Page

အခုမှာလည်း တိမ်တွေပေါ်က ပန်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အပြီးသတ်ရိုက်ကူးနေတာပါ။ လွန်ခဲ့တဲ့ နာရီပိုင်းကလည်း သူမရဲ့ Instagram stories တွင် ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းနေတဲ့ ရွှေကစ်ရဲ့ Video လေး

တင်ထားတာပါ။ ပရိသတ်တွေအတွက် ရွှေကစ်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Wutt Hmone Shwe Yi's Instagram Stories

Photo Credit - Wutt Hmone Shwe Yi's Facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။